Transistor Love Story
ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဟောင်းပေမယ့် ကောင်းနေဆဲဖြစ်တဲ့ 2001 က ထွက်ရှိထားတဲ့ Monrak transistor ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားက ထိုင်းဟာသကိုမှ ရိုမန့်ဆန်ဆန်လေးရိုက်ကူးထားတာမို့ ပရိတ်သတ်တွေ အကြိုက်တွေ့စေမှာပါ။ ပန်ဆိုတဲ့ကောင်လေးဟာ ရေပေါ်ရွာလေးက ရွာတစ်ရွာမှာ အပူပင်မရှိဘ၀ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေတဲ့သူလေးပါ။ သူ့မှာ ဆဒေါ လို့ခေါ်တဲ့ ချစ်ရတဲ့ကောင်မလေးလည်းရှိပါတယ်။ ဆဒေါရဲ့အဖေကတော့ ပန်ကို အနာဂတ်မရှိတဲ့ကောင်လို့ သတ်မှတ်ပြီး ကြည့်မရခဲ့ပါဘူး။ ဒါပေမယ့် သမီးကိုယ်တိုင်က ချစ်နေတဲ့အတွက် သူတို့နှစ်ယောက်ညားသွားပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သားဘ၀ကို အေးအေးချမ်းချမ်းဖြတ်သန်းနေရင်း ဆဒေါကိုယ်၀န်ငါးလလောက်မှာ ကံကြမ္မာဆိုးကြီး၀င်လာပါတော့တယ်။ အဲ့ဒါကတော့ ပန်တိုရွာလေးက လူငယ်တွေ စစ်မှုထမ်းဖို့မဲနှိုက်ကြရတာပါပဲ။ ကံဆိုးသူမောင်ရှင်ဆိုတဲ့အတိုင်း ပန် မဲပေါက်သွားပြီး စစ်မှုထမ်းဖို့သွားရပါတော့တယ်။ အစပိုင်းမှာတော့ ပန်ဟာ ဆဒေါဆီ စာတွေဆက်တိုက်ပိုပေမယ့် နောက်တော့ စစ်တပ်ထဲကနေ ထွက်ပြေးလာပြီး အဆိုတော်လုပ်မယ်ဆိုတဲ့စိတ်ကူးနဲ့ တီးဝိုင်းအဖွဲ့တစ်ခုထဲကို ၀င်လိုက်ပြီးနောက်ပိုင်း ဆဒေါနဲ့အဆက်အသွယ်ပြတ်သွားပါတယ်။ စစ်တပ်ထဲကနေ ထွက်ပြေးလာတာမို့ အဆက်အသွယ်လည်း မလုပ်ရဲပါဘူး။ ဒီလိုနဲ့ ရိုးသားတဲ့ပန်တစ်ယောက် ရှုပ်ထွေးတဲ့လောကကြီးမှာ အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်လာမလား? သူ့ဇနီးဆဒေါကရော ပန်ကို လိုက်ရှာမလား ပန်ရော ဘယ်လိုကံဆိုးမှုတွေကြုံရဦးမလဲ? ပန်နဲ့ဆဒေါ ပြန်လည်စုံစည်းသွားမလား? စတာတွေကို သဘာ၀ကျကျရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတာမလို့ အတူကြည့်ရှုလိုက်ရအောင်ပါ။ Quality.....WebRip 1080p / 720p File Size.....(2.5 GB) / (1.5 GB) Duration.....02:00:00
ဇာတ်လမ်းအကြောင်း