[REC]²
REC ရုပ်ရှင်လေးကားထဲက ဒုတိယကားဖြစ်ပြီး ရှေ့ကားရဲ့အဖြစ်အပျက်တွေကို ဆက်ထားပါတယ်။ ဒါရိုက်တာ Paco Plaza နဲ့ Jaume Balaguero တို့ပဲ ပြန်ရိုက်ကူးထားတာပါ။ ကူးစက်ရောဂါပြန့်နေတဲ့ တိုက်တစ်လုံးထဲကို မီးသတ်သမားတွေ၊ ရဲတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဝင်သွားကြတယ်။ နှစ်နာရီလောက်ကြာတဲ့အခါ သူတို့နဲ့ အဆက်အသွယ်ပြတ်သွားတာကြောင့် နောက်ထပ် SWAT အဖွဲ့တစ်ဖွဲ့နဲ့ ဆရာဝန်တစ်ယောက်ကို ထပ်လွှတ်လိုက်ရပါတယ်။ ဆရာဝန်က ဖြေဆေးဖော်ဖို့ ကူးစက်မှုရဲ့ပင်ရင်းဖြစ်တဲ့ Medeiros ဆိုတဲ့ မိန်းကလေးရဲ့ မူရင်းသွေးကို ရှာဖွေရင်း ရှေ့ကားက အန်ဟယ်လာဗီဒယ်နဲ့ ဆုံမိလာတယ်။ ကူးစက်မှုက ဘယ်ကစခဲ့တာလဲ၊ အန်ဟယ်လာက ဒီလောက်ကြာအောင် ဘယ်လိုအသက်ရှင်နေနိုင်ခဲ့တာလဲဆိုတဲ့ မေးခွန်းတွေနဲ့အတူ သူတို့လိုအပ်နေတဲ့ သွေးကို ရှာတွေ့နိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါ။ သွေးထွက်သံယိုမြင်ကွင်းတွေနဲ့ ရိုင်းစိုင်းတဲ့စကားပြောခန်းတွေ ပါဝင်ပါတယ်။
ဇာတ်လမ်းအကြောင်း