ဇာတ်ကားများ ရွေးရန်

Kontinental '25

2025ဇာတ်ကားအမှတ် 6.7/10109 မိနစ်

ဒါရိုက်တာ ရာဒူ ဂျူးဒီ (Radu Jude) ရဲ့ "Kontinental ’25" ဟာ ရိုမေးနီးယားနိုင်ငံ၊ ကလပ် (Cluj) မြို့စွန်မှာရှိတဲ့ "ဂျူရက်စစ်ပန်းခြံ (Jurassic Park)"ပျက်ထဲမှာ အမှိုက်လိုက်ရှာနေရတဲ့ အိမ်ခြေရာမဲ့ အမျိုးသားတစ်ဦးရဲ့ မြင်ကွင်းကနေ ရုပ်ရှင်ရဲ့ အနှစ်သာရကို ဖော်ကျူးထားတာပဲဖြစ်ပါတယ်။ သံဗုံခတ်သလို တတီတီမြည်သံပေး ဟိန်းဟောက်နေတဲ့ ဒိုင်နိုဆောရုပ်အဟောင်းတွေကို အရေးစိုက်ပုံမပေါ်ဘဲ အမှိုက်ကို သာ သဲကြီးမဲကြီး ရှာနေတဲ့ အိမ်ခြေရာမဲ့ အမျိုးသားကြီးဟာ တချိန်တုန်းကတော့ အဖိုးတန်လူသားဖြစ်ခဲ့ပြီး ခုချိန်မှာတော့ ‌နှမြောကြေကွဲစရာကောင်းလှတဲ့ ဘဝပေးအခြေအနေကိုရောက်ရှိနေတာပါ။ အဲဒီ မြင်ကွင်းကပဲ ဒါရိုက်တာ ရာဒူဂျူးဒီ (Radu Jude) ရဲ့ ထူးခြားပြောင်မြောက်လှတဲ့ ရုပ်ရှင်သစ် "Kontinental ’25" ရဲ့အနှစ်သာရကို ဖော်ညွှန်းနေတာပါ။ ဟာသနှင့် အဆွေး ကို တစ်မြေ့မြေ့ ဖော်ပြထားပြီးဆိုရှယ်လစ်စနစ်လွန် စီးပွားရေးမှာ ပြိုလဲနေတဲ့ လူမှုရေးစောင့်ရှောက်မှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတာလည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှ, ခေတ်ကုန်သွားပြီဖြစ်တဲ့ "ဂျူရက်စစ်ပန်းခြံ (Jurassic Park)" ကြီးဟာ ဘယ်လိုမှကို စွဲမက်စရာမရှိတော့ပါဘူး။အကြောင်းကတော့ လူသားတွေဟာ လူသားချင်းကိုပင် စာနာထောက်ထာမှုမရှိတော့တဲ့အကြောင်း ကွင်းကွင်းကွက်ကွက် ဖော်ပြထားတဲ့ ခပ်ငြိမ့်ငြိမ့်‌လေးစီးမျောရမဲ့ ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ File size…(1.5 GB)/(778 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း