ဇာတ်ကားများ ရွေးရန်

A Bay of Blood

1971ဇာတ်ကားအမှတ် 6.6/1085 မိနစ်

IMDb 6.5/10 ဒီဇာတ်ကားကတော့၊စအထွက်မှာစန္ဒယားသံငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ဆိုတော့၊ဂီတထဲစီးမျောပြီးကောင်းတုန်းရှိသေး၊အုန်းဒိုင်းဆိုပြီးရုတ်တရက်ကြီးလန့်စရာတွေ့ရတော့၊ဖျားသွားတယ်ပြောရမလားပဲ။ဇာတ်လမ်းကတော့ ၊မြို့စားကတော်ဖက်ဒါရီကာကပင်လယ်အော်တစ်ခုကိုပိုင်ပါတယ်။သူမသေခင်ရေးသွားတဲ့ဒိုင်ယာရီစာမျက်နှာကြောင့်၊ဖက်ဒါရီကာသူ့ကိုယ်သူသတ်သေတယ်လို့ရဲတွေက​ပြောပါတယ်။ ဖက်ဒါရီကာရဲ့ယောကျာ်းကလည်း၊အဲဒီညကတည်းကပျောက်နေပါတယ်။ပင်လယ်အော်ဘေးမှာနေတဲ့၊မစ္စတာဗန်တူရာဆိုတဲ့သူကလည်းအလုပ်တွေရှုပ်နေပါတယ်။ ပင်လယ်အော်ဘက်ကိုလူငယ်စုံတွဲနှစ်တွဲအပျော်ခရီးထွက်လာရင်း၊ဖက်ဒါရီကာရဲ့အိမ်ထဲကိုရောက်သွားကြပါတယ်။ ဖက်ဒါရီကာရဲ့အိမ်နီးချင်းတွေက၊ဖော့စ်ဆက်တီလင်မယားပါ။သူတို့ဆီကို ၊ဖက်ဒါရီကာရဲ့လင်ပါသမီးရန်နီးက၊သူ့ယောကျာ်းရောဘတ်နဲ့အတူလာပြီး၊သူ့အဖေအကြောင်းကိုလာစုံစမ်းပါတယ်။စုံစမ်းရင်း၊ဖုံးကွယ်ထားတဲ့ဖက်ဒါရီကာရဲ့အ​ကြောင်းကို၊သိသွားပါတယ်။ဖော့စ်ဆက်တီလင်မယားလမ်းညွှန်တဲ့အတိုင်းဆက်သွားပြီး၊ရန်နီးတို့လင်မယားက၊သူ့အဖေအကြောင်းကိုဆက်စုံစမ်းပါတယ်။တကယ်က၊ရန်နီးကပင်လယ်အော်ကိုသူအမွေဆက်ခံရမယ်ထင်ထားတာပါ။ မထင်မှတ်တဲ့အလှည့်အပြောင်းတွေက၊ဘာတွေဖြစ်မလဲ၊အပျော်ခရီးထွက်လာတဲ့စုံတွဲနှစ်တွဲရဲ့ကံကြမ္မာနဲ့ ၊ပင်လယ်အော်ဘေးမှာနေတဲ့သူတွေရဲ့ကံကြမ္မာကဘယ်လိုဖြစ်မလဲ၊ဆိုတာကိုရင်တထိတ်ထိတ်ကြည့်ရမှာဖြစ်ပါတယ်။ဒါရိုက်တာက Mario Bava ဖြစ်ပါတယ်။ကြည့်ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။တစ်ချက်ချက်သုံးထားတဲ့၊စန္ဒယားတေးဂီတကတော့တကယ်နားထောင်လို့ကောင်းတာက၊ထူးခြားချက်ဖြစ်ပါတယ်။ File size…(1.3 GB)/(757 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း