ဇာတ်ကားများ ရွေးရန်

Broken Bird

2024ဇာတ်ကားအမှတ် 4.0/1099 မိနစ်

Broken Bird (2024) ဆီဘယ်က တကိုယ်ရည်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး လူသေအလောင်းတွေကိုသန့်ရှင်းရေးလုပ်ပြင်ဆင်တဲ့လုပ်ငန်းတွေမှာအလုပ်လုပ်လေ့ရှိပါတယ်။ မိဘဆွေမျိုးသားချင်းမရှိ၊ အပေါင်းအသင်းလည်းမရှိတဲ့အတွက် အားလပ်ချိန်တွေကျရင် ကဖေးဆိုင်တစ်ခုရဲ့ကဗျာရွတ်အစီအစဉ်မှာပါဝင်လေ့ရှိပြီးစိတ်ဖြေရာကိုရှာဖွေလေ့ရှိပါတယ်။ တစ်ချို့အချိန်တွေမှာငယ်ဘ၀ရဲ့အိမ်မက်ဆိုးတွေက သူ့ကိုခြောက်လှန့်နေဆဲဖြစ်ပြီး ဒါကြောင့်ပဲ သူဟာ ပတ်ဝန်းကျင်နဲ့ တစ်စတစ်စပိုမိုဝေးကွာလာခဲ့ပါတယ်။ အမ်မာကတော့ ရဲအရာရှိတစ်ဦးဖြစ်ပြီး လတ်တလောမှာ သူ့သားလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက်ရော ပြိုကွဲသွားတဲ့အိမ်ထောင်ရေးအတွက်ပါ စိတ်ဓာတ်တွေယိမ်းယိုင်ပြိုလဲနေပြီး အရက်နဲ့ဒဏ်ရာတွေကိုကုစားနေရသူတစ်ယောက်ပါပဲ။ ဒီလိုစိတ်ဒဏ်ရာကိုယ်စီနဲ့မိန်းမနှစ်ယောက်၊ တစ်ယောက်တစ်မျိုးစီ ထင်ရာစိုင်းကြရင်းနဲ့သူတို့လျှောက်နေတဲ့လမ်းတွေတစ်နေရာမှာတွေ့ဆုံကြဖို့ ဖြစ်လာပါတော့တယ်။ Broken Bird ဟာ လူတွေရဲ့ပူဆွေးသောက၊ စိတ်ဒဏ်ရာ၊အထီးကျန်မှုအစရှိတာတွေကနေဖြစ်ပေါ်လာနိုင်တဲ့ ယိုယွင်းမှု၊ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုတွေကို နက်နက်နဲနဲချဉ်းကပ်ပြထားတဲ့ psychological horror ဇာတ်ကားကောင်းတစ်ကားပါပဲ။ File size… (1 GB) / (610 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:39:06 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း