ဇာတ်ကားများ ရွေးရန်

Crazy Romance

2019ဇာတ်ကားအမှတ် 6.9/10115 မိနစ်

Crazy Romance (2019) ဒီတစ်ခါမှာတော့ အားလုံးသိကြတဲ့ Doctor မင်းသား Kim Raewon နဲ့ When the stars gossip မင်းသမီး Gong Hyejin တို့ ပါဝင်ထားတဲ့ crazy romance လို့ အမည်ရတဲ့ အချစ်ဟာသဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းအကျဉ်းကတော့ နာမည်လေးအတိုင်း နှစ်ယောက်သားရဲ့ ရူးရူးမိုက်မိုက် အချစ်ဇာတ်လမ်းလေးပါပဲ ။ ဗျူဟာစီမံရေးအဖွဲ့ရဲ့ အဖွဲ့မှူး အီဂျယ်ဟွန်း ( Kim Raewon ) ကတော့ ချစ်သူကောင်မလေးနဲ့ လက်ထပ်ဖို့ ဖိတ်စာတွေဝေ ၊ အိမ်ပါ ဝယ်ပြီးကာမှ လက်ထပ်ပွဲပျက်သွားခဲ့ရသူ ဖြစ်ပြီး ဗျူဟာစီမံရေးအဖွဲ့ကို အသစ်ရောက်လာတဲ့ ဝန်ထမ်းသစ် အိုဆွန်းယောင်း ( Gong HyeJin ) ကတော့ သူ့အပေါ် ဖောက်ပြန်တဲ့ရည်းစားကို ပြန်ဖောက်ပြန်ပြလိုက်တဲ့အထိ လက်ရဲဇက်ရဲနိုင်သူလေး ဖြစ်ပါတယ် ။ သူတို့နှစ်ယောက်မှာ တူညီတဲ့အချက်ကတော့ အရက်မူးလာရင် ထင်ရာအကုန်လျှောက်လုပ်ပြီး မနက်ကျ မမှတ်မိတော့တာပါပဲ ။ ဒီလိုနဲ့ ကုမ္ပဏီ ညစာစားပွဲ တစ်ခုမှာ အရက်မူးနေတဲ့ အီဂျယ်ဟွန်းဟာ ဖုန်းခေါ်နေကျ ရည်းစားဟောင်းကို ဖုန်းခေါ်ရမယ့်အစား အိုဆွန်းယောင်းကို ဖုန်းခေါ်လိုက်မိတဲ့အခါ.. type မတူတဲ့ သူတို့နှစ်ယောက် ကြား ဘာတွေဆက်ဖြစ်လာကြမှာလဲ ။ commitment မပေးနိုင်ဘဲ ပတ်ပြေးရင်းနဲ့ နှစ်ယောက်သား ဘယ်လိုဂယက်တွေထကြမလဲဆိုတာကိုတော့ Crazy Romance ရုပ်ရှင်မှာ ဆက်လက်ရှုစားလိုက်ကြပါဦးနော် ။ File size…1.39GB / 691MB Quality… BluRay 1080p/ 720p Format…mp4 Duration….1 hr. 55 min. Genre ….. Comedy, Romance, Melodrama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း