ဇာတ်ကားများ ရွေးရန်

The Couple

2014ဇာတ်ကားအမှတ် 5.9/1091 မိနစ်

ချစ်ခြင်းရဲ့ အမှောင်ဘက်ခြမ်း ကိုယ်ချစ်ရသူဟာ အကြောက်ဆုံးလူ ဖြစ်လာတဲ့အခါ! "ချစ်ခြင်းရဲ့ အမှောင်ဘက်ခြမ်း" ကို ဂေါ့ဖ် (Golf - Pitchaya Nithipisarnkul) နဲ့ အွန့်မ် (Aom - Suchar Manaying) တို့က ကာန့် နဲ့ အွန့်မ် အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး၊ ဒီကားထဲမှာတော့ သူတို့ရဲ့ အိမ်ထောင်ဦးဘဝက ထိတ်လန့်စရာတွေနဲ့ စတင်ခဲ့ရတာပါ။ ဇနီးဖြစ်သူ အွန့်မ်ဟာ ခင်ပွန်းဖြစ်သူ ကာန့်ရဲ့ မရီးဖြစ်သူ စီဒါ ကို ရေချိုးခန်းထဲမှာ ကြိုးဆွဲချ သေဆုံးနေတဲ့ ပုံစံနဲ့ တွေ့လိုက်ရတဲ့အခါ...... အဲဒီသေဆုံးမှုဟာ သူတို့စုံတွဲရဲ့ ဆက်ဆံရေးကို ခြောက်လှန့်ဖို့အတွက် အစပျိုးရုံသာ ရှိပါသေးတယ်။ အွန့်မ်တစ်ယောက် သူ့ပတ်ဝန်းကျင်မှာ ကျက်စားနေတဲ့ ဝိညာဉ်ဆိုးရဲ့ တည်ရှိမှုကို စတင်ခံစားလာရပြီး နောက်ဆက်တွဲ ထိတ်လန့်စရာ သေဆုံးမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပါတယ်။ ဒီကြောက်မက်ဖွယ်ရာတွေဟာ ကာန့်နဲ့အွန့်မ်ကို သူတို့ရဲ့ ပြီးပြည့်စုံတဲ့ မိသားစုအောက်မှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက် အမှောင်ထုဆီသို့ ဆွဲခေါ်သွားခဲ့ပါတယ်။ ထိတ်လန့်ဖွယ် အငွေ့အသက်နှင့် ရှုပ်ထွေးသော ဇာတ်လမ်း.......... ရုပ်ရှင်ဟာ ကြောက်စရာကောင်းတဲ့ အငွေ့အသက်ကို အလွန်ကောင်းမွန်စွာ ဖန်တီးထားပါတယ်။ မှောင်မည်းပြီး စိုစွတ်ထိုင်းမှိုင်းတဲ့ ပြကွက်တွေ၊ အလင်းအမှောင် အသုံးပြုမှုတွေဟာ ကြည့်ရှုသူကို မွန်းကြပ်စေပြီး ကြောက်လန့်မှုကို ပိုမိုအားဖြည့်ပေးပါတယ်။ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ တဖြည်းဖြည်း အမှန်တရားကို ဖော်ထုတ်ပုံတို့ကြောင့် ပရိသတ်ကို ဇာတ်သိမ်းအထိ ဆက်လက်ကြည့်ရှုဖို့ ဆွဲဆောင်နိုင်ပါတယ်။ Quality.....WebRip 1080p / 720p File Size.....(1.3 GB) / (600 Mb) Duration.....01:35:00

ဇာတ်လမ်းအကြောင်း