ဇာတ်ကားများ ရွေးရန်

Seriously Red

2022ဇာတ်ကားအမှတ် 5.6/1098 မိနစ်

ရေးလင်း ရက်ဒ်ဟာ အိမ်ခြံမြေတန်ဖိုးဖြတ်သူအဖြစ် အလုပ်လုပ်နေပြီး ငယ်ငယ်ကတည်းက ဒေါ်လီပါတွန်ရဲ့ ပရိသတ်တစ်ယောက်ပါ။ ကုမ္ပဏီပါတီတစ်ခုမှာ ဒေါ်လီပါတွန်လို ဝတ်စားပြီး ဖျော်ဖြေခဲ့ရာက အဲဒီညမှာပဲ အမျိုးသမီးတစ်ယောက်နဲ့ ဆုံဖြစ်တယ်။ အဲဒီနောက် နာမည်ကျော်တွေလို အသွင်ယူပြီး ဖျော်ဖြေတဲ့အလုပ်ကို စိတ်ဝင်စားလာပါတယ်။ နောက်တစ်နေ့မှာတော့ ရက်ဒ် အလုပ်ပြုတ်သွားတယ်။ လက်ရှိလျှောက်နေတဲ့လမ်းကို မကြိုက်ရင် တခြားလမ်းဖောက်လိုက်ဆိုတဲ့ ဒေါ်လီ့စကားလိုပဲ သူလည်း အလုပ်သစ်အတွက် စကြိုးစားပါတော့တယ်။ ဒေါ်လီပါတွန်လို ဝတ်စားဖျော်ဖြေရင်း နေပုံထိုင်ပုံနဲ့ စကားပြောပုံတွေကိုပါ လိုက်တုပလာတဲ့ ရက်ဒ်ဟာ ကိုယ့်ကိုယ်ကိုယ် ရှာဖွေဖို့လည်း ကြိုးစားနေပါတယ်။ ဒီလမ်းသစ်မှာ သူအဆင်ပြေပါ့မလားဆိုတာကို ဟာသတွေနဲ့အတူ ဒေါ်လီပါတွန်ရဲ့ နာမည်ကြီးသီချင်းတွေပါ တွဲဖက်တင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း