ဇာတ်ကားများ ရွေးရန်

Telaga Suriram

2025ဇာတ်ကားအမှတ် 6.0/10129 မိနစ်

Telaga Suriram (2025) IMDb Rating (7.0) ၁၉၈၅ ခုနှစ်က ချန်ဒါနာရွာဟာ သာယာလှပပြီးအေးချမ်းတဲ့ ကျေးလက်ရွာငယ်လေးတစ်ခုဖြစ်ပါတယ်။ တစ်ညမှာတော့ အသက် ၁၀ နှစ်အရွယ် ဆူရီရမ်ဆိုတဲ့မိန်းကလေးငယ်တစ်ယောက် ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပြီးအေးချမ်းတဲ့ရွာလေးမှာဂြိုလ်ဆိုးဝင်ဖို့ဖြစ်ရပ်တွေစတင်လာပါတော့တယ်။ ဆူရီရမ်နောက်ဆုံးအတူရှိနေခဲ့တာ သူ့ကိုအမြဲထိန်းကျောင်းခဲ့တဲ့ မိုင်မွန်ဆိုတဲ့စကားမပြောတတ်သူမိန်းကလေးတစ်ယောက်ဖြစ်ပြီး မိုင်မွန်ရဲ့အမေကတော့ တစ်ရွာလုံးက စုန်းမကြီးအဖြစ်သတ်မှတ်ထားကြတဲ့သူပါ။ အဲ့ဒါကြောင့် ရှေးရိုးစွဲရွာသားတွေအနေနဲ့ မိုင်မွန်ဟာ ဆူရီရမ်ကိုသတ်ပြီး သူ့အမေမွေးထားတဲ့မကောင်းဆိုးဝါးတွေကိုအစာကျွေးခဲ့တယ်လို့ စွပ်စွဲကြပါတယ်။ မကြာခင်မှာပဲ ဆူရီရမ်ပျောက်ဆုံးသွားတဲ့ ရေတွင်းထဲက သူ့အလောင်းကိုရှာတွေ့ချိန်မှာတော့ မိုင်မွန့်အပေါ်စွပ်စွဲချက်တွေပိုပြီးခိုင်မာလာခဲ့ပါတော့တယ်။ အဲ့ဒါတွေနဲ့အတူ ဆူရီရမ့်ဝိဉာဉ်ကိုဟို တစ်စီ ဒီတစ်စီ တွေ့မြင်တဲ့လူတွေရှိလာပြီး တစ်ရွာလုံးကျီးလန့်စာစားနေရချိန်မှာ မြို့ပေါ်က ဒီအမှုကိုထောက်လှမ်းဖို့စိတ်ပိုင်းဖြတ်ထားတဲ့ အင်စပက်တာ ကာမီလာရောက်ရှိလာခဲ့ပါတယ်။ တစ်ဖြည်းဖြည်းနဲ့သူ့ရဲ့စုံစမ်းမှုတွေ ခရီးပေါက်လာလေလေ ဆူရီရမ်ရဲ့ဝိဉာဉ်က ပိုသောင်းကျန်းလာလေလေပါပဲ။စုံထောက်၊ဒရာမာ၊ဟော်ရာ ရသစုံပါဝင်တဲ့ မလေးဇာတ်ကားသစ်ဖြစ်ပါတယ်။ File size… (1.9 GB) / (1.3 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Horror,Mystery,Thriller Duration…. 02:08:22 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း