The Ultimate Oppa
ရာနာဟာ စာရေးဝါသနာပါပြီး စာရေးဆရာဖြစ်ချင်တဲ့ ကောင်မလေးတစ်ယောက်ပါ။ သူအားပေးတဲ့ အိုင်ဒေါ မွန်းရှီဝူးဆီ ကိုယ်ရေးထားတဲ့ Fanfic လေး ပို့လိုက်ရာက ကံကောင်းစွာနဲ့ ပြန်စာရလာတယ်။ အဲဒီအချိန်ကစလို့ ရာနာ့အတွက် မွန်းရှီဝူးက သူ့ကမ္ဘာကြီးလို ဖြစ်လာပါတယ်။ မွန်းရှီဝူးက သူ့ရဲ့ပထမဆုံးမိန်းကလေး ဖြစ်လာနိုင်မယ့်သူကို ရွေးတဲ့ ပြိုင်ပွဲကျင်းပလာတဲ့အခါ ရာနာလည်း ကိုရီးယားကို ရောက်လာတယ်။ သူအားပေးခဲ့တဲ့သူကို အနီးကပ်တွေ့ခွင့်ရလာပေမယ့် ဒီခရီးမှာ ဘယ်လိုရင်ခုန်စရာတွေ၊ အခက်အခဲတွေ ကြုံရဦးမလဲ။ သူ့နှလုံးသားထဲမှာ တကယ်ရှိနေတာက ဘာလဲဆိုတာလည်း ရှာဖွေရမှာပါ။ ဖိလစ်ပိုင်နဲ့ ကိုရီးယား ပူးပေါင်းရိုက်ကူးထားတဲ့ အချစ်ဟာသကားဖြစ်ပြီး ဇာတ်ကောင်တွေ အချင်းချင်း ဆက်သွယ်ပြောဆိုရာမှာ အင်္ဂလိပ်ဘာသာကို အသုံးပြုထားပါတယ်။
ဇာတ်လမ်းအကြောင်း