ဇာတ်ကားများ ရွေးရန်

Between Love and Hate

2006ဇာတ်ကားအမှတ် 6.2/10125 မိနစ်

Between Love and Hate (2006) IMDb..... 6.2 ဒီတစ်ခေါက် မိတ်ဆက်ပေးမဲ့ Rom-Com ဇာတ်ကားလေးကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိထားပြီးတော့ ဒရာမာပေါင်း၊ မူဗီပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်သားကြီး Kim Seung-Woo နဲ့ မင်းသမီး Jang Jin-Young တို့က အဓိကဇာတ်ဆောင်တွေအနေနဲ့ ပါဝင်သရုပ်ထားကြတဲ့ ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ယောင်းအွန်း(Kim Seung-Woo) ဟာ သူ့မိခင်ရဲ့စားသောက်ဆိုင်မှာ ဝင်ကူလုပ်ပေးနေပြီး စေ့စပ်ထားတဲ့မိန်းကလေးနဲ့ လက်ထပ်ဖို့ထက် အပေါင်းအသင်းများနဲ့သာ အလေလိုက် ပျော်ပါးချင်သူတစ်ဦးပါ။ ဒါ့အပြင် သူဟာ သူမှသူဖြစ်နေတဲ့ ကာရာအိုကေက ကောင်မလေး ယွန်းအာ(Jang Jin-Young) နဲ့လည်း ပက်သက်မိနေပြန်ပါသေးတယ်။ ဘာကိုမှ အလေးအနက်မထားဘဲ ပေါ့ပေါ့ပျက်ပျက်နေတတ်တဲ့ ယောင်းအွန်းနဲ့ လူတွေ ဘဝင်မကျစရာအလုပ်ကို လုပ်ကိုင်နေတဲ့ ယွန်းအာတို့ရဲ့ ဆက်ဆံရေးကို ယောင်းအွန်းတို့အမေ သိသွားပြီး စေ့စပ်ထားတဲ့မိန်းကလေးနဲ့ အလျင်စလို လက်ထပ်ခိုင်းတဲ့အခါမှာ... ယောင်းအွန်းတစ်ယောက် သံယောဇဉ်တွေ တွယ်ငြိပြီးသား မိန်းကလေးနှစ်ယောက်ကြားက ဘယ်သူ့ကို ရွေးချယ်သွားမလဲဆိုတာကို ကြည့်ရှုရမဲ့ အချစ်ဟာသာဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ File Size : 2.98GB/ 1.20GB Quality : WEB-DL 1080p/ 720p Format…mp4 Duration…2hr 00m Genre : Romance, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း