ဇာတ်ကားများ ရွေးရန်

Short Night of Glass Dolls

1971ဇာတ်ကားအမှတ် 6.6/1097 မိနစ်

Short Night of Glass Dolls ဆိုတဲ့ဇာတ်ကားလေးဟာ နာမည်ကြီးသရုပ်ဆာင်တွေနဲ့ ပါဝင်ရိုက်ကူးထားတဲ့ဒါရိုက်တာ အယ်ဘ်ဒိုလာဒို ဖန်တီးထားတဲ့ ဒီသည်းထိတ်ရင်ဖိုဇာတ်ကားတွေရဲ့ အကောင်းဆုံးဖန်တီးမှုလို့ပြောလို့ရလောက်တဲ့အထိကောင်းတဲ့ 1971 မှာထွက်ရှိခဲ့တဲ့ Giallo,horror,mystery ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း---------- အမေရိကန်သတင်းထောက်တစ်ယောက်ဖြစ်တဲ့ ဂျော့လ်ဂျီမိုးလ် ကို ပရာ့ခ်မြို့ရဲ့ လမ်းမအပေါ်မှာသေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။ သူဟာ နှလုံးခုန်ရပ်ပြီး တခြားဆေးပညာကိရိယာစမ်းသပ်မှုတွေကိုတုံ့ပြန်မှုမရှိလို့သေဆုံးတယ်လို့ယူဆခံရပေမယ့် သူ့ခန္ဓာကိုယ်အပူချိန်က မကျတာကြောင့်သံသယဖြစ်ဖွယ်ဖြစ်နေပါတယ်။တကယ်တော့ ဂျော့လ်ဟာ မသေပါဘူး။ သူကအသိစိတ်ရှိနေပြီးခန္ဓာကိုယ်ကိုလုံးဝလှုပ်ရှားမရဖြစ်နေတာဖြစ်ပြီး ဒီလိုအခြေအနေကို ရောက်ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်အမှတ်ရဖို့ကြိုးစားကာ သူ့စိတ်ထဲက အဖြစ်အပျက်တွေကိုပြန်လည်စဥ်းစားသတိနေရင်း သူ့ရည်းစားမီရာဆိုတဲ့ကောင်မလေးပျောက်ဆုံးမှုကိုစုံစမ်းရင်း သြဇာအာဏာရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ကြောက်မက်ဖွက်လျှို့ဝှက်ချက်ကို သူတွေ့ရှိသွားတာကြောင့်သူဒီလိုအခြေအနေရောက်ခဲ့ရပုံကို အသိစိတ်သာရှိပြီးလှုပ်ရှားမရတဲ့အလောင်းကောင်နေရာကနေဖော်ပြရင်း သူကရော အသက်ရှင်မလားသေမလား သြဇာအာဏာကြီးမားတဲ့လျှို့ဝှက်ချက်ဆိုတာကဘာလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ပါ။ ဒီကားက သာမန် သည်းထိတ်ရင်ဖိုဇာတ်အိမ်မဟုတ်ဘဲ Giallo အမျိုးအစားထဲမှာ ထူးထူးခြားခြား ဇာတ်အိမ်၊ဇာတ်လမ်းတင်ဆက်ပုံ၊အဆုံးသတ်နဲ့မလို့ သည်းထိတ်ရင်ဖိုပရိတ်သတ်တွေအတွက်မဖြစ်မနေကြည့်ရှုသင့်တဲ့ ကားလေးဖြစ်ပါတယ်။ File size…(1.7 GB)/(764 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း