Friendship!
၁၉၉၀ ဝန်းကျင်၊ စစ်အေးခေတ်ပြီးခါနီးမှာ အရှေ့ဂျာမနီက လူငယ်နှစ်ယောက် နယူးယောက်လေဆိပ်ကို ရောက်လာကြပါတယ်။ လူဝင်မှုကြီးကြပ်ရေးဌာနမှာ ဘယ်သူမှမမေးရသေးဘဲ “ကျွန်တော်တို့က ကွန်မြူနစ်တွေပါ” လို့ ဝမ်းသာအားရ မိတ်ဆက်လိုက်ကြတော့ နှစ်ယောက်သား အသေအချာ အစစ်ဆေးခံလိုက်ရပါလေရော။ ဒီလိုအစနဲ့ အမေရိကန်ကိုရောက်လာတဲ့ သူတို့နှစ်ယောက်ရဲ့ ခရီးရှည်တစ်လျှောက်မှာ အူကြောင်ကြောင်လုပ်ရပ်တွေနဲ့ ပြဿနာတွေ ဆက်တိုက်ကြုံရပါတယ်။ ဘာကြောင့် ဒီခရီးကို ထွက်လာကြတာလဲ၊ ဘယ်တွေရောက်ပြီး ဘာတွေထပ်ဖြစ်ကြဦးမလဲဆိုတာကို ဟာသတွေနဲ့အတူ ဆက်ပြထားတယ်။ ဘယ်ရောက်ဘယ်ပေါက်မယ်မှန်းမသိတဲ့ ခရီးစဉ်ထဲမှာ သူတို့နှစ်ယောက်ရဲ့ ပေဖော်ပေဖက် ခင်မင်မှုကိုလည်း တွေ့ရပါတယ်။
ဇာတ်လမ်းအကြောင်း