A Barefoot Dream
A Barefoot Dream (2010) ဒီရုပ်ရှင်ကတော့ ၂၀၁၀ ခုနှစ်မှာ တောင်ကိုရီးယား-ဂျပန် ပူးပေါင်းပြီး ရိုက်ကူးထားတဲ့ အားကစားဒရာမာရုပ်ရှင်ဖြစ်ပြီး ကိုရီးယားဘောလုံးကစားသမားဟောင်း ဂင်ရှင်းဟွမ်ရဲ့ ဖြစ်ရပ်မှန်အပေါ်မူတည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ၈၃ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံး နိုင်ငံခြားဘာသာစကားရုပ်ရှင်အတွက် ဒီရုပ်ရှင်နဲ့ တောင်ကိုရီးယားက ရွေးချယ်ခံခဲ့ရပေမယ့် နောက်ဆုံး ဆန်ခါတင်စာရင်း မဝင်ခဲ့ပါဘူး... ဒီရုပ်ရှင်မှာတော့ နာမည်လွှဲနဲ့ရိုက်ကူးထားတာဖြစ်တဲ့အတွက် အဓိကဇာတ်ဆောင်နာမည်က ဂင်ဝန်ဂွမ်ဖြစ်ပါတယ်... ဘောလုံးကစားသမားဘဝက ထင်ထားသလို ဖြစ်မလာတဲ့အတွက် လက်လျှော့ပြီး ရေခြားမြေခြားမှာ အလုပ်ပေါင်းစုံလုပ်တဲ့ ဂင်ဝန်ဂွမ် တစ်ယောက် ကျန်တဲ့အလုပ်တွေနဲ့လည်း အကျိုးမပေးခဲ့ဘဲ အကြွေးနွံသာနစ်နေခဲ့ပါတယ်... အဲဒီအချိန်မှာ လွတ်လပ်ရေးရပြီးကာစဖြစ်တဲ့ အရှေ့တီမောမှာ စီးပွားရေးလုပ်ကွက်တွေများတယ်ဆိုပြီးပြောသူရှိတာကြောင့် အရောက်လာခဲ့ပေမဲ့ ရောက်လာချိန်မှာလည်း အလိမ်ခံလိုက်ရတာဖြစ်ပြီး ဘာမှလုပ်ကိုင်စားသောက်လို့မရတဲ့နိုင်ငံဖြစ်နေပါတော့တယ်... အဲဒီလိုနဲ့ လက်မြှောက်အရှုံးပေးပြီး ပြည်တော်ပြန်တော့မယ်ဆိုတဲ့အတွေးနဲ့ လေဆိပ်သွားရာလမ်းမှာတော့ ခြေဗလာတွေနဲ့ ကွင်းထဲ ဘောလုံးကန်နေကြတဲ့ ကလေးတစ်သိုက်ကိုတွေ့ပါတော့တယ်... ဒါကိုတွေ့ပြီး အားကစားပစ္စည်းဆိုင်ဖွင့်ရင် သေချာပေါက်ကို မြတ်မှာပဲဆိုတဲ့အကြံနဲ့ လာရာလမ်းကလှည့်ပြန်ပြီး ဆိုင်ဖွင့်ပါတော့တယ်... ဒါပေမဲ့ တစ်နေ့စားဖို့ကိုတောင် အနိုင်နိုင်ရှာရတဲ့ ဆင်းရဲတဲ့နိုင်ငံဖြစ်တာကြောင့် အားကစားဖိနပ်ကိုလည်း ဈေးကြီးပေးဝယ်နိုင်သူ မရှိပြန်ပါဘူး... အဲဒီအတွက် ဂင်ဝန်ဂွမ်တစ်ယောက် အကြံထုတ်ပြီး ကလေးတွေကို ဖိနပ်အရင်ပေးကာ အရစ်ကျစနစ်အနေနဲ့ သူ့ကို တစ်နေ့တစ်ဒေါ်လာပေးဖို့ စည်းရုံးပါတော့တယ်.... ခဏတော့အလုပ်ဖြစ်လိုက်ပေမဲ့ ရေရှည်မှာအလုပ်မဖြစ်တဲ့အခါ ကလေးတွေအပေါ် အရင်းအနှီးအကြီးကြီးပုံထားမိတဲ့ ဂင်ဝန်ဂွမ်တစ်ယောက် ဘယ်လိုလုပ်ငန်းဆက်လုပ်မလဲ... လက်လျှော့ပြီး ကိုယ့်နိုင်ငံပဲကိုယ်ပြန်မလား... ဒီကလေးတွေကို ကြီးမားတဲ့အိပ်မက်ပေးမက်ပြီး အိပ်မက်အောင်မြင်အောင် ကူညီဖော်ဆောင်ပေးမလားဆိုတာကို ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်... File Size - 3 GB/ 1.35 GB Quality - WEB-DL 1080p/ 720p Duration - 2h Format - mp4 Genre - Comedy, Drama Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း