ဇာတ်ကားများ ရွေးရန်

Jangan Sendirian (aka) Die Alone

2021ဇာတ်ကားအမှတ် 5.0/1084 မိနစ်

Jangan Sendirian (2021) IMDb Rating (4.7) အန်နာ၊ ဘွိုင်း ၊ ရူဘီတို့ဟာ သူငယ်ချင်းသုံးယောက်ဖြစ်ပြီးသူတို့အားလုံးဟာ တစ်ယောက်တည်းရှိနေချိန်မှာမကောင်းဆိုးဝါးဝိဉာဉ်တွေရဲ့ကြမ်းတမ်းတဲ့ ခြောက်လှန့်မှုကိုခံခဲ့ရပြီးနောက်ဆုံးရှိခဲ့တဲ့နေရာတွေကနေအစအနမကျန်ပျောက်ကွယ်သွားခဲ့ကြပါတယ်။ ဆမ်ကတော့ သူငယ်ချင်းတွေထဲမှာ နောက်ဆုံးကျန်ခဲ့တဲ့တစ်ယောက်ဖြစ်ပြီး သူကိုယ်တိုင်လည်း မကောင်းဆိုးဝါးတွေရဲ့ခြောက်လှန့်မှုကိုခံနေရပြီဖြစ်တဲ့အတွက် သူ့အလှည့်ရောက်လာတော့မယ်ဆိုတာရိပ်မိနေပါပြီ။ သူတို့အုပ်စုဟာ ဘယ်လိုအပြစ်တွေကိုကျူးလွန်ခဲ့မိလို့ မကောင်းဆိုးဝါးတွေက သဲသဲမဲမဲပစ်မှတ်ထားနေတာလဲ? နောက်ဆုံးလက်ကျန်သားကောင်ဖြစ်တဲ့ ဆမ် ကိုယ်တိုင်ရော ဒီအဖြစ်ဆိုးတွေက လွတ်မြောက်နိုင်ကြမလား? အစပိုင်း ဇာတ်ကောင်သုံးဦးရဲ့သေဆုံးမှုတွေဟာ သီးခြားဖြစ်ရပ်တွေအဖြစ်ပုံဖော်ထားပြီး နောက်ပိုင်းမှပြန်လည်ဆက်စပ်မိသွားတဲ့ anthology ဆန်ဆန်ဟော်ရာဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ထက် အဆုံးသတ်လှည့်ကွက်နဲ့ခြောက်လှန့်ခန်းတွေကိုအသားပေးပုံဖော်ထားတာပါ။ သရဲကားဆိုခြောက်နေမှဆိုတဲ့သူမျိုးတွေအကြိုက်တွေ့ကြမှာပါ။ File size… (670 MB) / (440 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Thriller Duration…. 01:25:13 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း