Empire Records
Empire Records ဆိုင်မှာ ဆယ်ကျော်သက်ဝန်ထမ်းတွေနဲ့ သက်လတ်ပိုင်းမန်နေဂျာ Joe Reeves တို့ ပျော်ပျော်ရွှင်ရွှင်၊ လွတ်လွတ်လပ်လပ် အလုပ်လုပ်နေကြပါတယ်။ တစ်ညမှာ Joe က Lucas ဆိုတဲ့ ကောင်လေးကို ဆိုင်ပိတ်ပေးဖို့ မှာထားခဲ့တယ်။ အဲဒီညမှာပဲ Lucas ဟာ သူတို့ဆိုင်ကို Music Town လက်အောက် လွှဲပြောင်းတော့မယ့် စာချုပ်တစ်ခုကို တွေ့သွားပါတယ်။ ဆိုင်ကို ကယ်တင်ချင်တဲ့ Lucas က ရှိတဲ့ပိုက်ဆံ ၉၀၀၀ ကို ယူပြီး ကာစီနိုမှာ သွားပွားဖို့ ကြိုးစားတော့တယ်။ ဒါပေမယ့် အကုန်ရှုံးသွားတာကြောင့် အခြေအနေက ပိုခက်ခဲသွားပါတယ်။ အုပ်ချုပ်သူအသစ်ရဲ့ တင်းကျပ်တဲ့စည်းကမ်းတွေအောက်ကို မရောက်ချင်ကြတဲ့ ဝန်ထမ်းတွေဟာ ဆိုင်ရဲ့အရေးကို ရင်ဆိုင်ရင်း ကိုယ်ရေးကိုယ်တာပြဿနာတွေနဲ့လည်း ရှုပ်ထွေးနေကြတယ်။ ဇာတ်လမ်းက သူတို့ရဲ့ ၂၄ နာရီတာကို ရိုက်ပြထားပြီး ၁၉၉၀ ဝန်းကျင် ရော့ခ်နဲ့ပေါ့ပ်ဂီတတွေလည်း ပါဝင်ပါတယ်။ Liv Tyler နဲ့ Renée Zellweger တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Liv Tyler ဟာ Aerosmith အဖွဲ့ရဲ့ အဓိကအဆိုတော် Steven Tyler ရဲ့သမီးဖြစ်ပြီး Lord of the Rings နဲ့ The Incredible Hulk တို့မှာလည်း သရုပ်ဆောင်ခဲ့သူပါ။
ဇာတ်လမ်းအကြောင်း