Once Upon My Mother
Once Upon My Mother (2025) ပြင်သစ်စကားပြော ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ တင်းပုတ်ပုံသဏ္ဍာန် ခြေထောက် (Clubfoot)ဆိုတာ ကမ္ဘာပေါ်မှာ အဖြစ်များဆုံးသော မွေးရာပါ ခြေထောက်ချို့ယွင်းမှုတွေထဲက တစ်ခုဖြစ်ပါတယ်။ လက္ခဏာတွေကတော့- ခြေဖဝါးအောက်ဘက်နဲ့ ခြေချောင်းတွေ အတွင်းဘက်လှည့်နေခြင်း၊ ဘေးတိုက် သို့မဟုတ် အပေါ်ဘက် လှည့်နေခြင်းတို့ ဖြစ်နိုင်ပါတယ်။ ခြေဖနောင့် အောက်သို့ စိုက်ကျနေခြင်း၊ သို့မဟုတ် အတွင်းသို့ လှည့်နေခြင်း။ ခြေထောက်ကို ပုံမှန်အတိုင်း လှုပ်ရှားမရဘဲ တောင့်တင်းနေခြင်း။ ခြေထောက်တစ်ချောင်းလုံး ပုံမှန်ခြေထောက်ထက် အနည်းငယ် ပိုတိုနေနိုင်ခြင်း။ ခြေသလုံးသားများ သေးသွယ်နေခြင်း။ ဒီလိုကလေးတွေမှာ အထောက်အကူပစ္စည်းမပါဘဲ လမ်းလျှောက်ဖို့ခက်ခဲတတ်သလို ကုသရလည်း (နောက်ကျသွားရင်) ခက်ခဲနိုင်ပါတယ်။ ဇာတ်လမ်းကတော့ ၁၉၆၃ ခုနှစ်မှာ တင်းပုတ်ပုံသဏ္ဍာန် ခြေထောက်နဲ့ မွေးဖွားလာတဲ့ ကလေးတစ်ယောက်ရဲ့ မိခင်တစ်ဦး ရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ သူမရဲ့ မလျှော့သော ဇွဲလုံ့လတွေနဲ့ သူမရဲ့သားကို အံ့မခန်းဖွယ်ဘဝပေးနိုင်ဖို့ တစ်ဘဝလုံးစာ နှစ်မြှုပ်ကြိုးစားပုံတွေကို တင်ဆက်ပြသထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ။ သရုပ်ဆောင်တွေအနေနဲ့ Leïla Bekhti, Jonathan Cohen, Naim Naji, Gabriel Hyvernaud, Joséphine Japy, Sylvie Vartan တို့က ပါဝင်ထားပါတယ်။ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ Ken Scott ဖြစ်ပြီး Roland Perez (ဇာတ်ကားထဲမှ Clubfoot ရောဂါရှင်)ရဲ့ ဝတ္ထုကို မှီငြမ်းရိုက်ကူးပါတယ်။ မိခင်ဖြစ်သူ အက်စသာ ပဲရက်ဇ်အဖြစ် သရုပ်ဆောင်သူ Leïla Bekhti အတွက် အကောင်းဆုံးသရုပ်ဆောင် အပါအဝင် ဆု၂ဆု nominee ဝင်ဖူးတဲ့ မိသားစု ဒရာမာဇာတ်ကားလေးကို ရှုစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ File size… (1.7 GB) / (800 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:43:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း