My Next Life as a Villainess: All Routes Lead to Doom! The Movie
My Next Life as a Villainess: All Routes Lead to Doom! The Movie (2023) IMDb - 6.7/10 , MyAnimeList - 7.1/10 ဒီ Anime Movie ထဲမှာတော့ ဇာတ်လိုက်မင်းသမီးဟာ သူ့ရဲ့သူငယ်ချင်းဆီက "မနက်ဖြန်ကိုရှာဖွေခြင်း"ဆိုတဲ့" ဂိမ်းခွေကို ငှားပြီးဆော့ကြည့်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကောင်မလေးက ဂိမ်းထဲကဇာတ်ကောင် သခင်မလေး Catarina အဖြစ်နဲ့ ပြန်ပြီးမွေးဖွားလာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်လေးကတော့ ဂိမ်းထဲကဇာတ်ဆောင်မင်းသား Aaqil ဟာ Mutrac တိုင်းပြည်ကနေ Catarina တို့ရှိတဲ့ Sorcier တိုင်းပြည်ဆီကို သူတို့ဆီကခိုးယူသွားခဲ့တဲ့ နတ်ဟင်္သာကြီးကိုပြန်ယူဖို့အတွက် တမန်တော်တွေနဲ့အတူရောက်လာခဲ့ပါတယ်။ Mutrac ဘုရင်ကြီးရဲ့မျိုးဆက်တွေဟာ တိရစ္ဆာန်လေးတွေရဲ့ စိတ်ကိုနားလည်ပြီး သူတို့ကို ထိန်းချုပ်နိုင်စွမ်းလည်းရှိပါတယ်။ မင်းသားလေး Aaqil လည်း သူပိုင်ထားတဲ့စွမ်းရည်တွေနဲ့ တိရစ္ဆာန်လေးတွေကိုထိန်းချုပ်ပြီး နယ်လှည်ဈေးသည်အဖွဲ့နဲ့ နယ်လှည့်ပြီးပြပွဲတွေကပြပါတော့တယ်။ Sorcier တိုင်းပြည်က မင်းသားလေး Geordoရဲ့သတို့သမီးလောင်း Catarinaဟာ မြို့ထဲကိုထွက်ကာ အစားအသောက်တွေ စာအုပ်တွေထွက်ဝယ်လေ့ရှိပါတယ်။ အဲဒီအချိန်မှာ နယ်လှည့်ဈေးတန်းကြီးကို မြင်တန်းသွားပြီး Aaqilတို့အကအဖွဲ့နဲ့တွေ့ဆုံဖို့ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း Aaqilတို့အဖွဲ့ဟာ တမန်တော်အဖြစ်နဲ့ နန်းတော်ရဲတိုက်ထဲကိုဝင်ကို နတ်ဟင်္သာကြီးကို ဘယ်လိုရှာပုံတော်ဖွင့်ကြမလဲဆိုတာရယ် ဂိမ်းထဲကဖြစ်ပျက်သမျှအကြောင်းတွေကို မှတ်မိသွားတဲ့ သခင်မလေး Catarinaနဲ့ရော ဘယ်လိုတွေကြုံတွေ့ရဦးမလဲဆိုတာ ကြည့်ရှုပေးကြပါဦး...။
ဇာတ်လမ်းအကြောင်း