ဇာတ်ကားများ ရွေးရန်

Aileen: Queen of the Serial Killers

2025ဇာတ်ကား

Aileen: Queen of the Serial Killers (2025) IMDb Rating (6.1) / Rotten Tomatoes (49%) အိုင်လင်းဝူအော်နို့စ်....သေမင်းရဲ့သမီးပျို (ဝါ) အစွန်းရောက်ယောကျ်ားမုန်းတီးရေးသမားလို့ သမုတ်ခံရတဲ့ ကွင်းဆက်လူသ-တ်ဘုရင်မကြီး၊ ဖလော်ရီဒါပြည်နယ်ရဲ့ တတိယမြောက် သေဒဏ်ပေးခံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မှတ်တမ်းရုပ်ရှင်ပေါ့။ ဆယ့်ငါးနှစ်သမီးကတည်းက လမ်းပေါ်ရောက်သွားခဲ့တဲ့ အိုင်လင်းတစ်ယောက် ပြည့်တန်ဆာအဖြစ်နဲ့ပဲ လမ်းပေါ်မှာ နှစ်တွေနဲ့ချီပြီးကျင်လည်ခဲ့တယ်။ တိုနီဆိုတဲ့ အမျိုးသမီးနဲ့တွေ့ပြီးမှ သူ့ကိုယ်သူ လိင်တူချစ်သူမှန်းသိသွားတဲ့နောက် တိုင်ရီယာမိုးဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို စွဲစွဲလန်းလန်းချစ်မိသွားခဲ့တယ်။ အဲဒီအချစ်ကပဲ သူ့ကို လူသ-တ်သမားဖြစ်စေတာလားမသိ။ သူ့ထွက်ဆိုချက်အရ ချစ်သူနဲ့အတူ အသက်ရှင်လျက် နောက်တစ်ရက်နေထိုင်နိုင်ဖို့ဆိုတဲ့စိတ်နဲ့ ပစ္စတိုတစ်လက် ဆောင်ခဲ့မိရာက သူ သ-တ်လိုက်မိတာ အမျိုးသားခုနစ်ယောက်ထိ။ ဒါပေမဲ့ တရားခွင်မှာ ရင်ဆိုင်ရတဲ့အခါ အဲဒီယောကျ်ားတွေက သူ့ပေါ်မှာ မတရားကျင့်လို့၊ ကိုယ်ထိလက်ရောက်စော်ကားလို့ မတရားခိုင်းစေလို့ဆိုတဲ့အကြောင်းတွေ ခုခံချေပခဲ့ပေမဲ့ သေဒဏ်ကျခံခဲ့ရပါတယ်။ အိုင်လင်းရဲ့ ဘဝဇာတ်ကြောင်း တစိတ်တဒေသနဲ့ တရားခွင်မှာ သူရင်ဆိုင်ရပုံတွေကို Netflixကနေ ထုတ်လွှင့်ခဲ့တာမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ File size… (3.1 GB) / (2.7 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. True Crime, Documentary Duration…. 01:44:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း