ဇာတ်ကားများ ရွေးရန်

Penjagal Iblis: Dosa Turunan

2025ဇာတ်ကားအမှတ် 6.5/1099 မိနစ်

Penjagal Iblis: Dosa Turunan (2025) ဇာတ်လမ်းရဲ့အစကို ရွာမှာသရဲခြောက်လွန်းတယ်လို့ နာမည်ကြီးတဲ့ တောအုပ်တစ်အုပ်ကိုဖြတ်သွားတဲ့ဘာသာရေးဆရာတစ်ဦး၊ သူ့ကို အိမ်က သမီးကိုသရဲကပ်နေလို့နှင်ပေးပါဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့စတင်ထားပါတယ်။ အဲ့ဒီသရဲကိုအောင်မြင်စွာနှင်လိုက်နိုင်ပေမယ့် သရဲထက်ပိုအစွမ်းထက်နေဟန်ရှိတဲ့ အမျိုးသမီးတစ်ယောက်ပေါ်လာပြီး သူတို့မိသားစုတစ်ခုလုံးကို သုတ်သင်သွားတဲ့အချိန်မှာတော့..။ အဲ့ဒီအမျိုးသမီးကို စိတ္တဇလူသတ်သမားလို့ယူဆပြီး စိတ်ရောဂါကုဆေးရုံထဲကိုထည့်လိုက်ကြပါတယ်။ တစ်ချိန်တည်းမှာပဲ အဲ့ဒီစိတ်ရောဂါကုဆေးရုံထဲမှာ ထူးခြားတဲ့ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပေါ်နေသလို၊ အပြင်လောကမှာလည်း ဘာသာရေးခေါင်းဆောင်တွေကိုမှ သတ်ဖြတ်ပြီး နှလုံး ကိုလက်နက်မပါပဲ ဆွဲနုတ်ယူသွားတဲ့ကွင်းဆက်လူသတ်မှုတွေဖြစ်ပေါ်နေပါတယ်။ အဲ့ဒီဖြစ်စဉ်နှစ်ခုဟာလည်း ဆက်စပ်နေတယ်ဆိုတာ ရဲစုံထောက်ဖြစ်တဲ့ အာယိုနဲ့သတင်းထောက်တစ်ဦးဖြစ်တဲ့ ဒါရူးတို့က ခြေရာခံမိသွားပြီး ရှေးခေတ်အစဉ်အဆက်ဖွဲ့တည်လာခဲ့တဲ့ အမှောင်အင်အားစုနဲ့ ဆန့်ကျင်ဘက်မျိုးနွယ်တွေကြားက အငြိုးအတေးစစ်ပွဲထဲကို ကြားညပ်ဖို့ဖြစ်လာပါတော့တယ်။ သရဲခြောက်ခန်းတွေ၊သတ်ခန်းဖြတ်ခန်းတွေလည်းအထာကျပါတယ်၊ ဒါပေမယ့် ဟော်ရာကားသီးသန့်ထက်စာရင် စူပါဟီးရိုးဘက်ကိုသွားချင်တဲ့ ဟော်ရာ-အက်ရှင် ဆန်ဆန် Franchise တစ်ခုရဲ့အစလို့လည်းယူဆလို့ရပါတယ်။နောက်ဆက်တွဲထွက်လာဖို့လည်း အလားအလာများပါတယ်။ File size… (1.1 GB) / (580 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Crime, Fantasy, Horror, Mystery, Thriller Duration…. 01:39:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း