ဇာတ်ကားများ ရွေးရန်

The Righteous

2021ဇာတ်ကားအမှတ် 6.2/1097 မိနစ်

နာကျည်းစရာတွေနဲ့ မကောင်းတဲ့အတိတ်ရှိခဲ့ဖူးတဲ့ ဖရက်ဒရစ်ဟာ မြို့ငယ်လေးတစ်မြို့ကို ပြောင်းလာပြီး မိသားစုဘဝတစ်ခု ထူထောင်ကာ ဘုန်းတော်ကြီးဘဝကို စွန့်လွှတ်ခဲ့ပါတယ်။ ဒါပေမယ့် သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အခါ ဒီဆုံးရှုံးမှုက သူ့အတွက် ဘုရားသခင်ရဲ့ အပြစ်ပေးမှုလား၊ အတိတ်ကအမှားတွေအတွက် ပြန်ခံရတာလားဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။ တစ်နေ့မှာတော့ လူငယ်တစ်ယောက် သူတို့အိမ်တံခါးကို လာခေါက်တယ်။ သမီးကိုဆုံးရှုံးထားရတဲ့ ဖရက်ဒရစ်တို့လင်မယားဟာ ဒီလူငယ်ကို ဘုရားသခင်က ပြန်ပေးလိုက်တဲ့ လက်ဆောင်တစ်ခုလို သဘောထားပြီး သံယောဇဉ်တွယ်လာကြပါတယ်။ အဖြူအမည်းနဲ့ ရိုက်ကူးထားတဲ့ ဇာတ်လမ်းက အမှားနဲ့အမှန်ဆိုင်ရာ မေးခွန်းတွေကို ဇာတ်ကောင်တွေရဲ့ စကားပြောခန်းတွေကတစ်ဆင့် တဖြည်းဖြည်း ဖော်ပြသွားပါတယ်။

ဇာတ်လမ်းအကြောင်း