ဇာတ်ကားများ ရွေးရန်

Wet Dreams 2

2005ဇာတ်ကားအမှတ် 5.9/10101 မိနစ်

အပျိုဖော်ဝင်စအရွယ် ဆောင်အွန်းဟာ မင်္ဂလာဆောင်တစ်ခုမှာ သတို့သမီးရဲ့အလှနဲ့ ပွဲရဲ့ခမ်းနားကြည်နူးစရာတွေကို မြင်ပြီး အားကျနေခဲ့ပါတယ်။ သူအိပ်မက်မက်ဖူးတဲ့ မင်းသားလေးက ကိုယ့်ဖူးစာဖက်ပဲလို့ ယုံကြည်ပြီး တစ်နေ့မှာ ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်ရမယ်လို့လည်း စိတ်ကူးယဉ်ထားတယ်။ တစ်နေ့ စာသင်ခန်းထဲမှာ အိပ်ပျော်နေရာက နိုးလာတဲ့အခါ သူ့အိပ်မက်ထဲက မင်းသားလေးလို့ ထင်ရသူကို မျက်ဝါးထင်ထင် တွေ့လိုက်ရပါတယ်။ အဲဒီသူက ကျောင်းကို အသစ်ရောက်လာတဲ့ အလုပ်သင်ကာယဆရာပါ။ စိတ်ကူးယဉ်တာနဲ့ လက်တွေ့ဘဝကို ကောင်းကောင်းမခွဲခြားတတ်သေးတဲ့ ဆောင်အွန်းဟာ ကိုယ့်မင်းသားလေးရဲ့အချစ်ကို ရဖို့ ဘာမဆိုစွန့်စားချင်လာတယ်။ သူ့သူငယ်ချင်းမလေးတွေကလည်း မြှောက်ပင့်အားပေးပြီး ကူညီဖို့ အဆင်သင့်ဖြစ်နေကြပါတယ်။ Wet Dream ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ဒီကားက ပထမကားထက် ပိုလေးနက်တဲ့ဘက်ကို သွားထားပြီး အပျော်အပါးနဲ့ စိတ်ကူးယဉ်မှုတွေအပြင် လက်တွေ့မှာ ရင်ဆိုင်ရတဲ့ ပြဿနာလေးတွေကိုပါ ထည့်ပြထားပါတယ်။ ၂၀၀၀ ပြည့်နှစ်ကျော်ဝန်းကျင် ကိုရီးယားရုပ်ရှင်ဟန်နဲ့ အချစ်ဟာသဇာတ်လမ်းတစ်ပုဒ်ပါ။

ဇာတ်လမ်းအကြောင်း