Spanking the Monkey
Spanking the Monkey(1994) Spanking the Monkey ဟာ အမေရိကန် အင်ဒီရုပ်ရှင် အမျိုးအစားဖြစ်ပြီး မြို့ငယ်လေးတစ်ခုက အလယ်အလတ်တန်းစား မိသားစုတစ်ခုရဲ့ ပုံမှန်မဟုတ်တဲ့ မိသားစုပြဿနာတွေကို ပေါ်လွင်အောင် ရိုက်ကူးပြသထားတဲ့ Dark Comedy ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စာတော်တဲ့ ကျောင်းသားလေး ရေး အေဘယ်လီ ဟာ နွေရာသီကျောင်းပိတ်ရက်မှာ သူလိုချင်တဲ့ ဆရာဝန်လေ့ကျင့်ရေးအလုပ် ကို ဝါရှင်တန်ဒီစီမှာ သွားလုပ်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်တဲ့အခါ အဖေဖြစ်သူ တွမ်အေဘယ်လီရဲ့ အတင်းအကြပ်ခိုင်းစေမှုကြောင့် ခြေထောက်ကျိုးနေပြီး စိတ်ကျရောဂါခံစားနေရတဲ့ အမေဖြစ်သူ ဆူဇန်အေဘယ်လီကို အိမ်မှာပဲ စောင့်ရှောက်ပေးဖို့ ဖြစ်လာပါတယ်။ ဒီလိုနဲ့ ရေးဟာ သူလိုချင်တဲ့ အခွင့်အရေးကို စွန့်လွှတ်ပြီး အိမ်မှာနေရတာ၊ အမေဖြစ်သူက သူ့အပေါ် လိုအပ်တာတွေ အလွန်အကျွံတောင်းဆိုလာတာတွေကြောင့် စိတ်ဖိစီးမှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ ဖြစ်လာပါတယ်။ ရေးဟာ တစ်ခါတစ်ရံ အားလပ်ချိန် ခွေးကျောင်းထွက်ရင်း တိုနီပက်ခ်ဆိုတဲ့အိမ်နီးချင်းက ကောင်မလေးတစ်ယောက် ခင်မင်ရင်းနှီးလာသလို မိခင်ဖြစ်သူကိုအနီးကပ်ပြုစုရငါး အမေနဲ့သားကြားက ဆက်ဆံရေးဟာ ပုံမှန်မဟုတ်တဲ့ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတွေ ဖြစ်လာသလို မိခင်ကလည်း အလွန်အမင်းကန့်သတ်ချုပ်ချယ်မှုတွေ လုပ်လာပါတယ်။ဒီလိုကနေ စိတ်ကျဉ်းကျဉ် ပိတ်လှောင်မိနေတဲ့ ရေးတစ်ယောက် ထွက်ပေါက်ရဖို့ ဘာတွေလုပ်မလဲ ဆင်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Spanking the Monkey ဟာ ရိုးရှင်းတဲ့ ဟာသဇာတ်ကားမျိုး မဟုတ်ဘဲ၊ ကြည့်ရှုသူကို စိတ်မသက်မသာဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေ ပါဝင်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဒါပေမဲ့ မိသားစုအတွင်းက လျှို့ဝှက်ချက်တွေ၊ တားမြစ်ထားတဲ့ စိတ်ဆန္ဒတွေ၊ လူငယ်တစ်ဦးရဲ့ အပြောင်းအလဲကာလ (Coming-of-age) ကို လက်တွေ့ကျကျနဲ့ အတွေးနယ်ချဲ့စေမယ့် ပုံစံမျိုးကို ရိုက်ကူးထားတာကြောင့် "တစ်ခုခု ထူးခြားတာကို ကြည့်ချင်တယ်" ဆိုသူတွေအတွက်တော့ ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း