Harvey
Harvey (1950) Classic Comedy ရုပ်ရှင်အမျိုးအစားတစ်ခုဖြစ်တဲ့ Harvey ကို ၁၉၅၀ ခုနှစ်မှာ Henry Koster က ရိုက်ကူးပြီး Mary Chase ရဲ့ ၁၉၄၄ ခုနှစ် ပူလစ်ဇာဆုရပြဇာတ်ကို မှီငြမ်းထားတာဖြစ်ပါတယ်။ ရုပ်ရှင်အနေနဲ့ကတော့ Fantasy နဲ့ Psychological Comedy ကို ရောနှောတင်ဆက်ထားတာဖြစ်ပါတယ်။ အဓိကဇာတ်ကောင် အဲဝုဒ်ဒေါက်ဟာ သူ့အစ်မဖြစ်သူ ဗီတာလူးဝိစ် နဲ့ တူမဖြစ်သူ မာတယ်မေတို့နဲ့အတူ အမေချန်ထားခဲ့တဲ့ အိမ်ကြီးမှာ အတူနေနေတာလည်း ဖြစ်ပါတယ်။ အဲဝုဒ်က ပတ်ဝန်းကျင်မှာ လူချစ်လူခင်များတဲ့သူ ဖြစ်ပေမယ့် သူတစ်ယောက်တည်းသာ မြင်ရတဲ့ ၆ ပေ အမြင့်ရှိတဲ့ ယုန်ဖြူကြီးတစ်ကောင်ကို သူငယ်ချင်းလုပ်ပေါင်းသင်းနေတဲ့ သူဖြစ်ပါတယ်။ သူ့ရဲ့ ယုန်ဖြူကြီး"Harvey" ကို တွေ့တဲ့သူတိုင်းနဲ့ မိတ်ဆက်၊ အရက်အတူတူသောက်ကြ၊ စကားဖောင်ဖွဲ့ကြ လုပ်နေပေမယ့် အများအမြင်မှာတော့ အဲဝုဒ်ဟာ တစ်ယောက်တည်းစကားပြောဆိုနေတတ်တဲ့ ယဉ်ယဉ်လေး ရူးသွပ်သွားသူတစ်ယောက် ဖြစ်နေပါတော့တယ်။ အဲဝုဒ်ရဲ့အကြောင်းကို ဖုံးဖိလေလေ၊ အလွဲလွဲအချော်ချော်တွေဖြစ်ပြီး သတင်းတွေသာပိုပြန့်လာတဲ့အတွက် ဗီတာလူးဝီစ်ဟာ မိသားစုရှေ့နေ ဂတ်ဖနီနဲ့ပူးပေါင်းပြီး အဲဝုဒ်ကို စိတ္တဇဆေးရုံပို့ဖို့ ကြံပါတော့တယ်။ အဲဝုဒ်ကလည်း ယုန်ဖြူကြီးကို မြင်နေရတာကလွဲရင် ပေါင်းတတ်သင်းတတ်ပြီး သိမ်မွေ့တဲ့ အမူအယာ၊ အပြောအဆိုတွေကြောင့် ရူးလို့ရူးနေမှန်းမသိကြဘဲ ဗီတာလူးဝိစ်သာ စိတ္တဇဆေးရုံမှာ သောင်တင်ခဲ့ပါတော့တယ်။ အဲဝုဒ်ကို ချောက်ချလေလေ၊ လုပ်တဲ့သူ ခံရလေလေ ဖြစ်ပြီးနောက်ပိုင်းမှာ သူ့ကိုပဲ "Harvey" ဆိုတဲ့ယုန်ဖြူကြီးက စောင့်ရှောက်နေသလား၊ သူပြောတဲ့ "Harvey" ကပဲ အဲဝုဒ်စိတ်ထင်တာသက်သက်မဟုတ်ဘဲ တကယ်ရှိနေတဲ့ ပုဂ္ဂိုလ်လားဆိုတဲ့ မေးခွန်းတွေက ဇာတ်လမ်းရှေ့ဆက်လာလေလေ ပရိသတ်စိတ်ထဲ ရောက်လာလေလေ ဖြစ်လာပါတယ်။ Comedy အမျိုးအစားဖြစ်ပေမယ့် ဇာတ်လမ်းရဲ့ Pacing ကငြိမ်ငြိမ့်လေးနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်တာမို့ Calming & Soothing Vibe ကို ပေးစွမ်းနိုင်တဲ့အဖြူအမည်းရုပ်ရှင်တစ်ကားကို ရှာဖွေနေသူများအတွက် "Harvey" ကို တင်ဆက်ပေးလိုက်ရပါတယ်။
ဇာတ်လမ်းအကြောင်း