Wet Dreams
ဒေါင်ဟွန်း၊ ဆန်းမင်း၊ ယောင်ဂျေးနဲ့ ဆွတ်ဂူးတို့က ယောက်ျားလေးသီးသန့်ကျောင်းမှာ တက်နေတဲ့ အထက်တန်းကျောင်းသား သူငယ်ချင်းလေးယောက်ပါ။ လူပျိုဖော်ဝင်စအရွယ်မှာ အချစ်ရေးနဲ့ လိင်မှုကိစ္စတွေကို စပ်စုချင်နေကြတဲ့ သူတို့ကျောင်းဆီ အသက်ချင်း သိပ်မကွာတဲ့ ဆရာမငယ်တစ်ယောက် အလုပ်သင်အဖြစ် ရောက်လာပါတယ်။ အဲဒီအခါ ဆရာမနဲ့ နီးစပ်ခွင့်ရဖို့ သူတို့အချင်းချင်း အလောင်းအစားလုပ်၊ အကြံထုတ်ကြတော့တယ်။ ဆရာမကလည်း ဒီကျောင်းကို အကြောင်းမဲ့ ရောက်လာတာ မဟုတ်ပါဘူး။ ဆယ်ကျော်သက်ဘဝက တစ်ဖက်သတ် သဘောကျခဲ့ရတဲ့ ဆရာအစ်ကိုကြီး ဒီမှာ ဆရာလုပ်နေလို့ သူနဲ့ နီးစပ်ခွင့်ရအောင် တမင်လာခဲ့တာပါ။ ဆရာမက သူချစ်တဲ့သူနဲ့ နီးစပ်ဖို့ ကြိုးစားနေသလို ဒေါင်ဟွန်းတို့ကလည်း ဆရာမအနားကို ရောက်ဖို့ နည်းမျိုးစုံ ကြံနေကြတယ်။ ဒါပေမဲ့ ဒေါင်ဟွန်းအတွက်တော့ နောက်ပိုင်းမှာ အပျော်သဘော စနောက်နေရာကနေ ဆရာမကို တကယ်မြတ်နိုးလာပြီး သူ့အကြောင်း တခြားသူတွေ စကားနဲ့ ထိပါးတာကိုတောင် မခံနိုင်တော့ပါဘူး။ ဒေါင်ဟွန်းရဲ့ အချစ်ဦးနဲ့ ဆရာမရဲ့ ကျောင်းသူဘဝကတည်းက စခဲ့တဲ့ တစ်ဖက်သတ်အချစ်တို့ ဘယ်လိုဖြစ်လာမလဲဆိုတာကို ကျောင်းသားဟာသတွေနဲ့ တွဲတင်ပြထားပါတယ်။ Wet Dreams ဟာ Sex is Zero နဲ့ တစ်နှစ်တည်း ထွက်ရှိပြီး အပြိုင်လူသိများခဲ့တဲ့ ကိုရီးယားဇာတ်ကားဖြစ်ကာ နောက်ပိုင်းမှာ Wet Dreams 2 လည်း ဆက်ထွက်ခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း