Haul Out the Holly
ရည်းစားနဲ့ ပြတ်ပြီး အိမ်ပေါ်ကပါ မောင်းချခံလိုက်ရတဲ့ အမ်မလီဟာ နေစရာမရှိတော့လို့ မိဘတွေရှိတဲ့ အဲဗားဂရင်းလိန်းက အိမ်ကို ပြန်လာရပါတယ်။ တကယ်တော့ သူ အိမ်ပြန်မလာချင်ပါဘူး။ သူငယ်ငယ်ကတည်းက အဲဗားဂရင်းလိန်းမှာ ခရစ္စမတ်ရောက်တိုင်း အိမ်အလှဆင်တာတွေ၊ ပျော်ပွဲရွှင်ပွဲအတွက် ပြင်ဆင်တာတွေနဲ့ အနားမရကြတာ အစဉ်အလာတစ်ခုလို ဖြစ်နေလို့ပါ။ အသည်းကွဲလာတဲ့ အမ်မလီက ဒီတစ်ခေါက်တော့ အေးအေးဆေးဆေး အနားယူချင်တယ်။ ဒါကြောင့် အဲဒီအလုပ်တွေ မလုပ်ခိုင်းဖို့ မိဘတွေကို ကတိတောင်းပြီးမှ ပြန်လာခဲ့တာပါ။ ဒါပေမဲ့ သူရောက်ရောက်ချင်း မိဘတွေက ဖလော်ရီဒါကို ခရီးထွက်သွားပြီး သူ့ကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ကြတယ်။ အဲဒီနောက် အိမ်ရှင်များအသင်းရဲ့ ဥက္ကဋ္ဌအသစ်က အမ်မလီကို သူရှောင်ချင်နေတဲ့ ခရစ္စမတ်ပွဲပြင်ဆင်ရေးတွေ လုပ်ခိုင်းလာပါတယ်။ သူတို့နှစ်ယောက်ကြား ဘယ်လိုတွေ ဖြစ်လာမလဲ၊ အမ်မလီကရော ဒီပွဲပြင်ဆင်မှုတွေကို အလုပ်ရှုပ်စရာလို့ပဲ ဆက်မြင်နေဦးမလား။ Mean Girls မှာ Gretchen အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Lacey Chabert ပါဝင်ထားတဲ့ ခရစ္စမတ်ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း