The Ghoul Mansion
ကွိုင့်က မိသားစုစားဝတ်နေရေးအတွက် သင်္ဘောသီးထောင်းရောင်းပြီး ရှာဖွေကျွေးမွေးနေရသူပါ။ နေရာကောင်းကောင်းမှာ အိမ်သစ်လေးတစ်လုံးနဲ့ နေချင်ပေမယ့် ခင်ပွန်းဖြစ်သူ ဂိုက လောင်းကစားစွဲနေတာကြောင့် သူ ဘယ်လောက်ကြိုးစားကြိုးစား အရာမထင်ဖြစ်နေရတယ်။ တစ်နေ့တော့ အဝေးမှာနေတဲ့ သူဌေးဆွေမျိုး သခင်မကြီးထောင်းရမ်ဖိုင်ဆီက စာတစ်စောင်နဲ့ ရထားလက်မှတ်တွေ ရောက်လာပါတယ်။ သခင်မကြီးက နေမကောင်းဖြစ်နေပြီး ကွိုင့်ကို အမွေပေးချင်လို့ လာခေါ်တာပါ။ ကွိုင့်က သွားသင့်မသွားသင့် တွေဝေနေတုန်း ဂိုရဲ့အကြွေးရှင်တွေ လိုက်လာတော့ မိသားစုလိုက် သခင်မကြီးရဲ့ စံအိမ်ဆီ ထွက်လာရတော့တယ်။ ဆွေမျိုးတော်တယ်ဆိုတဲ့ သခင်မကြီးကို ကွိုင့်က ဘာလို့ မသိတာလဲ၊ အမွေကိုလည်း ဘာကြောင့် သူ့ကိုမှ ပေးချင်ရတာလဲဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။ ဒီစံအိမ်ကြီးထဲမှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာကို ထိတ်လန့်စရာတွေနဲ့ ဟာသရောပြီး တင်ပြထားပါတယ်။ သခင်မကြီးထောင်းရမ်ဖိုင်အဖြစ် Noi Nuttanee၊ ကွိုင့်အဖြစ် Gwang Wanpiya၊ ဂိုအဖြစ် Kong Huayrai နဲ့ ကစ်ပ်အဖြစ် Fond Natticha တို့ ပါဝင်ထားကြပါတယ်။
ဇာတ်လမ်းအကြောင်း