Masooda
နီလမ်က သမီးဖြစ်သူ နာဇီယာကို တစ်ဦးတည်း ပြုစုပျိုးထောင်နေတဲ့ မိခင်တစ်ယောက်ပါ။ သားအမိနှစ်ယောက် တိုက်ခန်းလေးတစ်ခန်း ငှားနေကြပြီး မနီးမဝေးမှာ ဂိုပီဆိုတဲ့ ကောင်လေး နေပါတယ်။ ဂိုပီက နီလမ်တို့ အကူအညီလိုတိုင်း လက်မတွန့်ဘဲ ကူညီပေးတတ်တဲ့ အိမ်နီးချင်းကောင်းတစ်ယောက်ပါ။ တစ်ညမှာ နီလမ်က ဂိုပီ့အခန်းတံခါးကို လာခေါက်ပြီး အကူအညီတောင်းတယ်။ ဂိုပီ လိုက်သွားကြည့်တော့ နာဇီယာဟာ တစ်စုံတစ်ယောက် ဝင်ပူးနေသလို ဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့နှစ်ယောက် ဆရာဝန်နဲ့ ပြပေမယ့် မသက်သာတာကြောင့် အပနှင်ဆရာတွေကို လိုက်ရှာကြရတယ်။ အဲဒီလို ရှာဖွေရင်း နာဇီယာကို ပူးကပ်နေတဲ့ နတ်ဆိုးဟာ အငြိုးကြီးသူဖြစ်ပြီး သူ့ကို သတ်နိုင်တဲ့ သီးသန့်လက်နက်တစ်ခု ရှိနေကြောင်း သိလာကြပါတယ်။ နာဇီယာကို ကုသပေးနိုင်ပါ့မလား၊ သူ့ကို ဝင်ပူးနေတဲ့ ဝိညာဉ်က ဘယ်သူလဲ၊ ဘာကြောင့် အခုလို ဝင်ပူးနေရတာလဲဆိုတာကို ဆက်ဖော်ထုတ်သွားတဲ့ သဘာဝလွန်ထိတ်လန့်ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း