The Weather Man
အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ ဘဝမှာ လွယ်ကူတာဆိုလို့ မရှိဘူးလို့ ဒေ့ဗ်ရဲ့အဖေက အမြဲဆုံးမတတ်ပါတယ်။ ဒါပေမဲ့ ဒေ့ဗ်ကတော့ အဲဒီစကားကို လက်မခံနိုင်ဘဲ ပြဿနာပေါင်းစုံနဲ့ ရှုပ်ထွေးနေတဲ့ သူ့ဘဝကို အဆိုးမြင်နေသူပါ။ အသက်အရွယ်နဲ့အမျှ မရင့်ကျက်သေးဘဲ အဆင်မပြေတာတွေကိုပဲ အလိုမကျဖြစ်၊ ဒေါသထွက်နေတတ်တယ်။ ဒေ့ဗ်စပရစ်ဇ်ရဲ့ အလုပ်က မိုးလေဝသသတင်း ကြေညာသူဖြစ်ပေမယ့် မိုးလေဝသပညာကိုတော့ သိပ်နားမလည်ပါဘူး။ သူ့ခန့်မှန်းချက်တွေကလည်း မကြာခဏ လွဲနေတတ်တယ်။ အိမ်မှာတော့ ဇနီးဖြစ်သူ နိုရင်းနဲ့ တကျက်ကျက် ရန်ဖြစ်နေရပြီး မိဘတွေရဲ့ နေ့စဉ်အငြင်းပွားမှုတွေကြားမှာ ကလေးတွေကလည်း စိတ်ထွက်ပေါက်ရှာရင်း မူးယစ်ဆေးစွဲတာ၊ ဆေးလိပ်သောက်တာ စတဲ့ ပြဿနာတွေ ရှိလာကြပါတယ်။ ဒီကြားထဲ အဖေနဲ့ပတ်သက်တဲ့ သတင်းဆိုးကိုပါ ကြားလိုက်ရတော့ ဒေ့ဗ်အတွက် ပိုခက်ခဲလာတယ်။ အပြင်ထွက်ပြန်တော့လည်း တီဗီပေါ်က သူ့ကို မကျေနပ်သူတွေက တွေ့တဲ့နေရာမှာ မုန့်နဲ့ ပစ်ပေါက်ကြတယ်။ အလုပ်ရော မိသားစုဘဝပါ အဆင်မပြေဖြစ်နေချိန်မှာ သူလိုချင်နေတဲ့ အိပ်မက်ထဲကအလုပ်ကို ရနိုင်မယ့် အခွင့်အရေး ရောက်လာပါတယ်။ ဒီတစ်ခါ သူ့ရွေးချယ်မှုတွေမှာ အရင်လိုပဲ တွေဝေနေဦးမလား၊ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကနေ ဇာတ်လမ်းဆက်သွားတယ်။ Nicolas Cage ပါဝင်ထားတဲ့ ဒီမိသားစုဟာသဒရာမာမှာ ဘဝရဲ့ အလွဲအချော်တွေကြား ကိုယ့်ကိုယ်ကိုယ် လက်ခံတတ်ဖို့ဆိုတဲ့ အကြောင်းကို တင်ပြထားသလို ဒေ့ဗ်နဲ့ ရောဘတ်တို့ရဲ့ ဖခင်မေတ္တာကိုလည်း ဖော်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း