ဇာတ်ကားများ ရွေးရန်

The Philadelphia Story

1940ဇာတ်ကားအမှတ် 7.6/10113 မိနစ်

အခုလိုမျိုး အေးစပြုလာတဲ့ ဆောင်းဝင်လာချိန်မှာ ခပ်အေးအေး အချစ်ဇာတ်လမ်းလေးတွေကို ကြည့်ရတာကတော့ ဘာနဲ့မှကို လဲနိုင်မှာ မဟုတ်ပါဘူး။ ဟိုးတုန်းက ထွက်ရှိခဲ့ကြတဲ့ အချစ်အလွမ်းဇာတ်လမ်းတွေကို ပြန်ခံစားချင်တယ်၊ အဖြူအမည်းခေတ်က နူးညံ့လှတဲ့အချစ်ကို ပုံဖော်ပုံတွေကို ပြန်တမ်းတချင်မိတယ်ဆိုရင်တော့ (၁၉၄၀)တုန်းက ထွက်ရှိခဲ့တဲ့ “The Philadelphia Story”က လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ကျွန်တော်တို့တွေ စိမ်းမှာမဟုတ်တဲ့ Katharine Hepburn တို့ Cary Grant တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ Romantic Comedy ဇာတ်လမ်းအမျိုးအစားဖြစ်ပြီးတော့ အချစ်အေးအေးကို ဇာတ်လမ်းမရှုပ်တရှုပ်နဲ့ ကြည့်ရှုခံစားနိုင်မှာလည်း ဖြစ်ပါတယ်။ ထရေစီလော့ဒ်ဆိုတဲ့ အမျိုးသမီးဟာ တခြားသောအမျိုးသမီးတွေနဲ့မတူ တမူထူးခြားနေတဲ့အမျိုးသမီးဖြစ်တယ်လို့ သူ့ကို ချစ်မိသူတိုင်းက ပြောကြရပါတယ်။ အထက်တန်းလွှာ သူကြွယ်မျိုး မိန်းကလေးဖြစ်တဲ့ထရေစီက သူ့ခင်ပွန်းဟောင်းဖြစ်သူရဲ့ သတင်းထောက်နှစ်ယောက်ကို အိမ်ခေါ်ချလာမှုကြောင့် လော့ဒ်မိသားစုကြီး အမျိုးမျိုးကြိုးခုန်တာကိုလည်း မြင်ရဦးမှာဖြစ်ပြီးတော့ ရောက်လာတဲ့ သတင်းထောက်နှစ်ယောက်နဲ့ ဘယ်လိုဇာတ်တွေ ကကြမယ်ဆိုတာကိုလည်း ခံစားချက်အမျိုးမျိုးနဲ့ ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ ပြစ်မျိုးမှဲ့မထင်လှပါဘူးဆိုတဲ့ ထရေစီတစ်ယောက် သူ့ရဲ့ လက်ထပ်ပွဲအသစ်အတွက် ပြင်ဆင်နေချိန်မှာ မထင်မှတ်ထားပဲ ပြန်လည်ရောက်ချလာတဲ့ သံယောဇဥ်မပြတ် အချစ်တွေမခမ်းသေးတဲ့ ခင်ပွန်းဟောင်း ဒက်စ်တာ အတိတ်ကအချစ်စစ်ဆီကိုပဲ ပြန်သွားတော့မလား၊ သူ့ဘဝထဲကို ဝင်လာကြမယ့် သူ့ကိုချစ်နိုင်ပါတယ်ဆိုတဲ့ သူတွေဆီကိုပဲ လျှောက်လှမ်းသွားမလား ဆိုတာကိုတော့ (၁၉၄၀)တုန်းက ထွက်ရှိခဲ့တဲ့ “The Philadelphia Story”ထဲမှာ ခံစားကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ ထရေစီလော့ဒ်တစ်ယောက်ရဲ့ “The Philadelphia Story”ထဲက အချစ်ဇာတ်လမ်းကို မလွမ်းမဆွေးရဘဲနဲ့ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း