ဇာတ်ကားများ ရွေးရန်

100 Feet

2008ဇာတ်ကားအမှတ် 5.7/10105 မိနစ်

100 Feet (2008) IMDb Rating (5.4) / Rotten Tomatoes (31%) မာနီက အိမ်တွင်းအကြမ်းဖက်သူခင်ပွန်းသည်ကိုသတ်မှုနဲ့ထောင်ခုနှစ်နှစ်ကျပြီးလွတ်မြောက်လာပေမယ့်အခုချိန်မှာတော့ နေအိမ်အကျယ်ချုပ်နဲ့ဆက်နေရဦးမှာဖြစ်ပါတယ်။ သူ့အမှုကိုကိုင်တဲ့ ရဲအရာရှိဟာလည်း ကွယ်လွန်သူခင်ပွန်းရဲ့ပါတနာဖြစ်တဲ့အတွက် သူ့ကိုနည်းနည်းမှအခဲမကျေပဲ အနီးကပ်စောင့်ကြည့်မယ့်သူပါ။ သူ့ကိုအိမ်ထဲကအိမ်ပြင်မထွက်ရအောင်သေချာစေဖို့ခြေရာခံကိရိယာပါတဲ့ ခြေပတ်ကိုဝတ်ဆင်ထားစေပြီး သတ်မှတ်ထားတဲ့အကွာအဝေးကနေ ၃ မိနစ်ထက်ပိုပြီးကျော်လွန်တာနဲ့ရဲကိုအလိုအလျောက်အကြောင်းကြားမယ့်အပြင်ထောင်ထဲကိုတန်းပြီးပြန်ရောက်မှာပါ။ ဒါတွေအားလုံးဟာ ထောင်လိုအချုပ်အနှောင်မျိုးကနေ လွတ်မြောက်လာတဲ့ မာနီအတွက်အသေးအဖွဲပဲဆိုပေမယ့်တကယ်တမ်းသူရင်ဆိုင်ရမယ့် ပြဿနာက သူထောင်ကျစဉ်ကာလတစ်လျှောက်ပိတ်ထားခဲ့တဲ့ အိမ်ဟာ အခုချိန်မှာ သရဲခြောက်နေပြီဖြစ်တာပါပဲ။ ခြောက်တဲ့သရဲကလည်း သူ့ကိုအသေအလဲဒေါသထွက်နေတဲ့ အသက်ရှင်စဉ်ကာလတစ်လျှောက်လုံးမှာလည်းတောက်လျှောက်နှိပ်စက်ခဲ့တဲ့ သူ့ခင်ပွန်းသည်သရဲဖြစ်တဲ့အတွက် မာနီရင်ဆိုင်ရမယ့် အနာဂတ်ကတော့ရင်လေးစရာအတိပါပဲ။ ပိုဆိုးတာတော့ ဒီသရဲဟာ လူသားပကတိလိုသူ့ကိုထိတွေ့တိုက်ခိုက်နိုင်စွမ်းရှိနေတာပါ။ ဒီတော့ သူ့ကိုမယုံသင်္ကာနဲ့အနီးကပ်စောင့်ကြည့်နေမယ့်ရဲတွေ၊ အိမ်တွင်းကနေအမြဲတမ်းခြောက်လှန့်နှိပ်စက်နေမယ့် သရဲလင်၊ နေအိမ်အကျယ်ချုပ်တို့ကြားမှာ မာနီတစ်ယောက် ဘယ်လိုကိုယ်လွတ်ရုန်းမလဲဆိုတာသဲထိတ်ရင်ဖိုတင်ဆက်ထားတဲ့ဇာတ်ကားပါ။ မင်းသမီးက X men ဇာတ်ကားတွဲတွေထဲက Jean တစ်ဖြစ်လဲ Famke Janssen ဖြစ်ပါတယ်။ 100 Feet ဟာသဲထိတ်ရင်ဖိုပရိသတ်တွေလုံး၀အကြိုက်တွေ့စေမယ့် Hidden Horror Gems တစ်ခုပါပဲ။ File size… (2.3 GB) / (990 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:36:42 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း