ဇာတ်ကားများ ရွေးရန်

Your Christmas Or Mine?

2022ဇာတ်ကားအမှတ် 6.4/1094 မိနစ်

ခရစ္စမတ်အားလပ်ရက်မှာ ကိုယ့်အိမ်ကိုယ် ပြန်ကြမယ့် ဂျိမ်းစ်နဲ့ ဟေလီတို့ဟာ ဘူတာရုံမှာ လမ်းခွဲနှုတ်ဆက်ကြပါတယ်။ ချစ်စခင်စအချိန်ဆိုတော့ နှစ်ယောက်သား မခွဲချင်ကြဘဲ ခရစ္စမတ်ကို အတူတူဖြတ်သန်းဖို့ စိတ်ကူးမိကြတယ်။ ဒါနဲ့ ဟေလီက ဂျိမ်းစ်စီးမယ့်ရထားပေါ် တက်သွားသလို ဂျိမ်းစ်ကလည်း ဟေလီ့ရထားပေါ် တက်သွားပါတော့တယ်။ အတူနေချင်လို့ လုပ်လိုက်ကာမှ ရထားချင်းလွဲသွားပြီး ဟေလီက ဂျိမ်းစ်အိမ်ကို ရောက်သွားတယ်။ ဂျိမ်းစ်ကတော့ ဟေလီ့အိမ်မှာ ဧည့်သည်ဖြစ်နေရပါပြီ။ ချစ်သူက ဘေးမှာမရှိဘဲ သူ့မိသားစုနဲ့ ခရစ္စမတ်ကို ဖြတ်သန်းရတဲ့အခါ ဘယ်လိုအလွဲတွေ၊ ပြဿနာတွေ ကြုံကြရမလဲ။ မိသားစုနှစ်ခုဆီက အဖြစ်အပျက်တွေကို ယှဉ်တွဲပြထားတဲ့ အချစ်ဟာသဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း