Ghost Island
လူငယ်ရှစ်ယောက်ဟာ အားလပ်ရက်မှာ ပျော်ပျော်ပါးပါး ကဲကြဖို့ ဇိမ်ခံရွက်လှေတစ်စီးနဲ့ ခရီးထွက်လာကြပါတယ်။ ဒါပေမယ့် လမ်းတစ်ဝက်မှာတင် ရွက်လှေက ပြန်လှည့်ရမယ့်အကြောင်း ပေါ်လာတယ်။ ပျော်လို့မဝသေးတဲ့ သူတို့က နီးရာကျွန်းပေါ်က အပန်းဖြေစခန်းတစ်ခုမှာ တည်းပြီး ဆက်လည်ပတ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အပန်းဖြေစခန်းမှာ တာဝန်ခံတစ်ယောက်နဲ့ ဝန်ထမ်းကောင်မလေးတစ်ယောက်ပဲ ရှိတယ်။ နေရာက သာယာပြီး တခြားဧည့်သည်လည်း မရှိသလို ဝန်ထမ်းကောင်မလေးကလည်း ချောတော့ လူငယ်တစ်သိုက် သဘောကျနေကြပါတယ်။ အားရပါးရ ပျော်ကြမယ်လို့ စိတ်ကူးထားပေမယ့် ကျွန်းပေါ်မှာ မထင်မှတ်တဲ့အဖြစ်တွေ ပေါ်လာပြီး တစ်ယောက်ပြီးတစ်ယောက် အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရပါတော့တယ်။
ဇာတ်လမ်းအကြောင်း