ဇာတ်ကားများ ရွေးရန်

Ghost Island 2

2008ဇာတ်ကားအမှတ် 6.0/10

တိတ်ဆိတ်ပြီး လူရှင်းတဲ့ကျွန်းတစ်ကျွန်းပေါ်ကို လူငယ်ခြောက်ယောက် မရည်ရွယ်ဘဲ ရောက်သွားရာက ဒုက္ခကြုံခဲ့ကြတဲ့ Pulau Hantu ရဲ့ အဆက်ပါ။ ဒီတစ်ခါမှာ နေးရိုနဲ့ ဒန်တီတို့ ကျွန်းပေါ်ကနေ ထွက်သွားဖို့ ကြိုးစားနေချိန်ကနေ ဆက်ထားပါတယ်။ သူတို့နှစ်ယောက် ထွက်ခွာဖို့ လုပ်နေတုန်းမှာပဲ ပါတီလုပ်ချင်တဲ့ လူငယ်တစ်သိုက် ကျွန်းပေါ်ကို ရောက်လာကြတယ်။ ဒီလူငယ်တွေကတော့ မတော်တဆ ရောက်လာကြတာမဟုတ်ဘဲ အားရပါးရ ပျော်ကြဖို့ ဒီကျွန်းကိုမှ တမင်ရွေးလာကြတာပါ။ နေးရို၊ ဒန်တီနဲ့ အသစ်ရောက်လာသူတွေဟာ ကျွန်းပေါ်က ထိတ်လန့်စရာတွေနဲ့ ကြုံရပါတော့တယ်။

ဇာတ်လမ်းအကြောင်း