ဇာတ်ကားများ ရွေးရန်

Once a Thief

1991ဇာတ်ကားအမှတ် 6.7/10103 မိနစ်

ငယ်ငယ်ကတည်းက လူဆိုးတစ်ယောက်ရဲ့ လက်သပ်မွေးတာကို ခံခဲ့ရတဲ့ မိဘမဲ့ကလေးသုံးယောက်ဟာ ကြီးလာတော့ နာမည်ကျော်သူခိုးတွေ ဖြစ်လာကြပါတယ်။ သူတို့ပစ်မှတ်ထားတာက ဈေးကြီးတဲ့ အနုပညာပစ္စည်းတွေပါ။ လတ်စလီချောင် သရုပ်ဆောင်တဲ့သူက စွန့်စားလုပ်တတ်ပြီး ချောင်ယွန်ဖတ် သရုပ်ဆောင်တဲ့သူကတော့ စွန့်စားရဲသလို ဉာဏ်လည်းကောင်းတယ်။ သူတို့နှစ်ယောက်နဲ့အတူ အမျိုးသမီးတစ်ယောက်ပါဝင်တဲ့ သုံးယောက်အဖွဲ့နဲ့ ဇာတ်လမ်းကို ဆက်ထားပါတယ်။ တစ်နေ့မှာ ခိုးယူဖို့ အတော်ခက်တဲ့ ပန်းချီကားတစ်ချပ်ကို သွားခိုးရင်း ချောင်ယွန်ဖတ်ရဲ့ဇာတ်ကောင်ဟာ မသန်စွမ်းဖြစ်သွားတယ်။ အဲဒီနောက် သူတို့ကို မွေးစားခဲ့တဲ့ဖခင်နဲ့ အတိုက်အခံဖြစ်လာကြပြီး အမှန်နဲ့အမှားကြားမှာ ရွေးချယ်လျှောက်လှမ်းကြရပါတယ်။ ဂျွန်ဝူးရိုက်ကူးထားတဲ့ ဒီကားမှာ သူနဲ့ လက်တွဲလာခဲ့တဲ့ ချောင်ယွန်ဖတ်နဲ့ လတ်စလီချောင်တို့ ပါဝင်ထားပါတယ်။ Heroic Bloodshed ဟန်တွေ ပါသလို ဟာသလည်း ရောထားတာကြောင့် ဂျွန်ဝူးရဲ့ တခြားဟောင်ကောင်အက်ရှင်ကားတွေနဲ့ အနည်းငယ်ကွဲပြားပါတယ်။ ချောင်ယွန်ဖတ်ရဲ့ဇာတ်ကောင်က တိုက်ခိုက်နေရင်း ဟာသပြောတာ၊ ရယ်စရာလုပ်တာတွေလည်း ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း