Bitch Ass
ဆီဆယ်ဟာ ငယ်ငယ်က ကျောင်းမှာ ခပ်တုံးတုံး လူဝကြီးဆိုပြီး စနောက်အနိုင်ကျင့်ခံခဲ့ရသူပါ။ သူ့ကို “ငကြောက်ကောင်” လို့ ခေါ်ပြီး အနိုင်ကျင့်သူတွေထဲမှာ စပိတ်က ထိပ်ဆုံးက ပါခဲ့တယ်။ အခုတော့ စပိတ်က ဆဌမလမ်းလူမိုက်ဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်နေပြီး ဆီဆယ်ကတော့ အဘွားဆုံးသွားတဲ့နောက် အိမ်မှာ တစ်ယောက်တည်း နေနေပါတယ်။ စပိတ်က ခွမ်တင်အပါအဝင် ဂိုဏ်းဝင်အသစ် လူငယ်သုံးယောက်ကို ဆီဆယ့်အိမ် ဓားပြဝင်တိုက်ဖို့ လွှတ်လိုက်တယ်။ လွယ်လွယ်နဲ့ ပြီးမယ့်အလုပ်လို့ တွက်ထားပေမယ့် အိမ်ထဲမှာ သူတို့ကို စောင့်နေတဲ့ အန္တရာယ်ကိုတော့ မသိကြဘူး။ ပစ္စည်းယူဖို့နေနေသာသာ မျက်နှာဖုံးစွပ် လူသတ်သမားတစ်ယောက်နဲ့ ထိပ်တိုက်တွေ့ပြီး ရှုံးတာနဲ့ အသတ်ခံရမယ့် ဂိမ်းတွေကို အသက်နဲ့ရင်း ကစားကြရတော့တယ်။ အဲဒီအချိန်မှာ ခွမ်တင့်အမေကလည်း သားကို စိတ်ပူလို့ စပိတ်နဲ့အတူ ဆီဆယ့်အိမ်ကို ရောက်လာပါတယ်။ ရောက်လာတဲ့သူတွေပါ အန္တရာယ်ကနေ လွတ်နိုင်ပါ့မလား၊ အိမ်ထဲက လူငယ်သုံးယောက်ရော အသက်ရှင်နိုင်ပါ့မလား။ အပြင်လူတွေသာမက အဘွားရဲ့ နှိပ်စက်မှုကိုပါ ခံခဲ့ရတဲ့ ဆီဆယ် ဘာဖြစ်သွားသလဲ၊ မျက်နှာဖုံးနောက်က လူသတ်သမားက ဘယ်သူလဲဆိုတဲ့ မေးခွန်းတွေကို ဟာသအနည်းငယ်နဲ့ သွေးထွက်သံယိုအခန်းတွေကြားမှာ ဆက်တွေ့ရမှာပါ။
ဇာတ်လမ်းအကြောင်း