ဇာတ်ကားများ ရွေးရန်

Tenung

2025ဇာတ်ကားအမှတ် 6.3/1092 မိနစ်

Tenung (2025) IMDb Rating (6.6) အီရာက မိခင်ဖြစ်သူကို တစ်ဦးတည်းစောင့်ရှောက်နေရတဲ့ ဆယ်ကျော်သက်ကောင်မလေးဖြစ်ပြီး သူ့အမေ ခံစားနေရတဲ့ဝေဒနာဟာ အဖြေရှာမရတဲ့အတွက် သူ့မှာပိုအခက်တွေ့စရာဖြစ်နေပါတယ်။ သူ့အမေဟာ အာရုံထဲမှာခန္ဓာကိုယ်မပါတဲ့ လက်တွေရဲ့ခြောက်လှန့်မှုကိုခံနေရပြီး တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကိုကိုရော သူ့ကိုပါ ရန်ရှာတာမျိုးတွေရှိလာတဲ့အတွက် မြို့ပေါ်ရောက်နေတဲ့ အစ်ကိုနဲ့အစ်မကိုလှမ်းခေါ်လိုက်ရတဲ့နောက်အိမ်အရောက်မှာပဲ သူတို့မိခင်ဟာ ရုတ်တရက်ကွယ်လွန်သွားပါတော့တယ်။ ဒါပေမယ့်လည်း ဈာပနအခမ်းအနားကျင်းပနေတုန်းအလောင်းပေါ်ကိုကြောင်နက်တစ်ကောင်ခုန်ကျော်သွားတာခံရတဲ့နောက် သူတို့အမေဟာအသက်ပြန်ဝင်လာခဲ့သလို အရင်က ခံစားနေရတဲ့ဝေဒနာတွေပါပျောက်ကွယ်ပြီး အကောင်းပကတိဖြစ်သွားချိန်မှာတော့ ဇာတ်လမ်းအမှန်တကယ်စလာပါတော့တယ်။ ဘာကြောင့်လဲဆို‌တော့ အရင်တုန်းက မရှိခဲ့ဖူးတဲ့ ကြမ်းတမ်းတဲ့အခြောက်အလှန့်တွေကို တစ်အိမ်သားလုံးစပြီး ခံစားလာရလို့ပါပဲ။ သူတို့မိခင်ခံစားနေရတဲ့ဝေဒနာက တကယ်တမ်းဘာဖြစ်မလဲ? ဒီဖြစ်စဉ်တွေရဲ့လက်သည်က ဘယ်သူလဲ? သူတို့မိသားစုဝင်တွေ ဒီကံကြမ္မာဆိုးတွေကနေ လွတ်မြောက်နိုင်ပါ့မလား? အစရှိတာတွေကိုသည်းထိတ်ရင်ဖိုရှုစားရမယ့် ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။ File size… (670 MB) / (510 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Horror Duration…. 01:32:31 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း