Old People
လူအိုရုံတစ်ခုမှာ အဘိုးအဘွားတွေက မင်္ဂလာဆောင်သီချင်းကို နှစ်နှစ်သက်သက် နားထောင်နေကြပါတယ်။ ဝန်ထမ်းလူငယ်တစ်ယောက်ကတော့ လှလှပပ ပြင်ဆင်ဝတ်စားပြီး သူများတွေလို ပါတီမှာ ပျော်ချင်ကြပေမယ့် အဖိတ်မခံရဘူးဆိုတဲ့ စကားမျိုးနဲ့ သူတို့ကို ပြောဆိုနေတယ်။ နောက်ဝန်ထမ်းတစ်ယောက်ကလည်း အဘိုးအဘွားတွေ ထွက်ပြေးရင်း လိမ့်ကျဒဏ်ရာရမှာစိုးလို့ ကုတင်မှာ ချုပ်ထားရတာပါလို့ အကြောင်းပြပါတယ်။ ဒီဂျာမန် ထိတ်လန့်သည်းဖိုဇာတ်ကားက ဘဝနောက်ဆုံးအချိန်တွေကို အထီးကျန်စွာ ဖြတ်သန်းနေရတဲ့ သက်ကြီးရွယ်အိုတွေအကြောင်းကို မိသားစုသံယောဇဉ်၊ မေတ္တာတို့နဲ့ တွဲဖက်ပုံဖော်ထားတာပါ။ သက်ကြီးရွယ်အိုတွေရဲ့ ဘဝကို အေးအေးဆေးဆေး ပြောပြတဲ့ ဒရာမာမျိုးထက် ထိတ်လန့်စရာတွေကနေ တစ်ဆင့် တင်ပြထားပါတယ်။ ကိုယ့်မိဘ၊ အဘိုးအဘွားတွေကို ဘယ်လိုဆက်ဆံနေမိသလဲ၊ ပစ်ပယ်ထားမိသလား၊ ကိုယ်အသက်ကြီးလာတဲ့အခါ ဘယ်လိုဖြစ်လာမလဲဆိုတဲ့ မေးခွန်းတွေကိုလည်း တွေးမိစေနိုင်ပါတယ်။
ဇာတ်လမ်းအကြောင်း