ဇာတ်ကားများ ရွေးရန်

Future Cops

1993ဇာတ်ကားအမှတ် 6.0/1095 မိနစ်

Future Cops က Terminator ဆန်တဲ့ ပုံစံထဲမှာ Dragon Balls၊ Street Fighters နဲ့ Fantastic Four ထဲက Reed Richards၊ Hulk တို့လို ဇာတ်ကောင်ပုံစံတွေကို ရောစပ်ကာ ပေါက်ကရဟာသတွေ ထည့်ရိုက်ထားတဲ့ အက်ရှင်သိပ္ပံစိတ်ကူးယဉ်ကားပါ။ သရုပ်ဆောင်တွေထဲမှာ အန်ဒီလောင်၊ အာရွန်ကော့နဲ့ ဂျက်ကီချောင်တို့ ပါဝင်ပြီး လီယွန်လိုင်ကိုတော့ နာမည်နဲ့ပဲ ထည့်သွင်းထားပါတယ်။ သူတို့အပြင် Simon Yam၊ ငါးကလေးမင်းသားလို့ လူသိများတဲ့ Dicky Cheung၊ သိုင်းကားပရိသတ်တွေနဲ့ ရင်းနှီးတဲ့ Ekin Cheng၊ Chingmy Yau နဲ့ Charlie Yeung တို့လည်း ပါဝင်ထားကြတယ်။ ဟောင်ကောင်သရုပ်ဆောင်တွေ အများအပြားကို တစ်ကားတည်းမှာ စုမြင်ရမှာပါ။ ဒါရိုက်တာကတော့ ဝမ်ကျင်းဖြစ်ပြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအတော်များများကိုလည်း ရိုက်ကူးဖူးသူပါ။ ဒီကားမှာလည်း အလွဲအချော်တွေ၊ ဗရုတ်ကျတဲ့ အပြုအမူတွေကို ရှေ့တန်းတင်ထားပြီး ဇာတ်ကောင်ပုံစံအမျိုးမျိုးကို ဟာသအဖြစ် ရောနှောအသုံးပြုထားပါတယ်။

ဇာတ်လမ်းအကြောင်း