ဇာတ်ကားများ ရွေးရန်

Southbound

2015ဇာတ်ကားအမှတ် 5.9/1089 မိနစ်

Southbound (2015) IMDb Rating (5.9) / Rotten Tomatoes (81%) Southbound 2015 ဟာငွေကြေးနဲ့ဆုတံဆိပ်ဆိုင်ရာအပိုင်းတွေမှာ အောင်မြင်မှုကြီးကြီးမားမားမရခဲ့ပေမယ့် အခုချိန်ထိအကောင်းဆုံးဟော်ရာရုပ်ရှင်လို့ရှာလိုက်ရင် ထွက်ကျလာမယ့် စာရင်းတွေအတော်များများမှာပါဝင်တဲ့ လူသိနည်းတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Anthology ပုံစံနဲ့တင်ဆက်ထားပြီး မတူညီတဲ့ဒါရိုက်တာတွေက မတူညီတဲ့ဇာတ်လမ်းတိုတွေကို သဲကန္တာရလမ်းမကြီးတစ်ခုပေါ်မှာ အခြေပြုတည်ဆောက်ထားတာဖြစ်ပေမယ့် ဇာတ်လမ်းအချင်းချင်း ချိတ်ဆက်မှု၊တစ်သမတ်တည်း ကျစ်လျစ်နေတဲ့ Tone တွေက ဒီဇာတ်ကားကိုအထူးအမှတ်ပေးစရာပါပဲ။ ဇာတ်လမ်းကတော့ နောက်ခံဇာတ်ကြောင်းကိုယ်စီနဲ့လူအမျိုးမျိုး ဒီကန္တာရလမ်းမကြီးပေါ်မှာသွားလာရင်း ကြုံတွေ့ရတဲ့ထိတ်လန့်ဖွယ်ဖြစ်စဉ်တွေအကြောင်းပါပဲ။ အဲ့ဒါတွေထဲမှာ ထိတ်လန့်စရာ ဝိဉာဉ်နူတ်သတ္တဝါတွေ၊ ဘာသာရေးအစွန်းရောက်ဒိဌိဝါဒီတွေ၊ လူတွေရဲ့ဒေါသမောဟ၊ အတ္တတွေရဲ့အကျိုးအပြစ်နဲ့သူတို့ရဲ့ဂယက်ရိုက်မှုတွေကို ဆင့်ကဲ ချိတ်ဆက်တင်ပြထားတာပါ။ ဒီဖြစ်စဉ်တွေဖြစ်နေတဲ့ ဒီကန္တာရလောကကြီးဟာ ကြေးချွတ်သန့်စင်ဘုံတစ်ခုလည်းဖြစ်နေနိုင်တယ်ဆိုတာကိုလည်း ပါးပါးလေးမြင်ရပါတယ်။ ဟော်ရာပရိသတ်တွေကြည့်ဖူးအောင်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… (1.4 GB) / (730 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Fantasy,Horror,Science Fiction,Thriller Duration…. 01:29:43 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း