ဇာတ်ကားများ ရွေးရန်

Christmas at the Catnip Cafe

2025ဇာတ်ကားအမှတ် 7.2/1084 မိနစ်

Christmas at the Catnip Cafe (2025) ခရစ္စမတ်လည်းနီးလာပြီဆိုတော့ ခရစ္စမတ်အချစ်ဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ အိုလီဗီယာပီးယားစ်က အောင်မြင်တဲ့မားကတ်တင်းကုမ္ပဏီတစ်ခုကိုဦးဆောင်နေသူပါ။ သူက အိမ်ဝယ်ဖို့သုံးနှစ်ကြာလိုက်ရှာပြီးမှ စိတ်ကြိုက်ကွန်ဒိုလေးတစ်ခုကိုတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာက သူတတ်နိုင်တဲ့စျေးထက်မြင့်နေတာပါ အဲ့လိုစိတ်ညစ်နေရတဲ့အချိန်မှာပဲ ဖလစ်စီးတီးမှာနေတဲ့ ဆုံးပါးသွားပြီဖြစ်တဲ့သူ့အဒေါ်အက်စတာက သူ့အတွက်အမွေချန်ထားပေးခဲ့ပါတယ်။ အဲ့အမွေကတော့ အက်စတာပိုင်ဆိုင်တဲ့ CatNip ဆိုတဲ့ ကြောင်ကဖေးရဲ့ ရှယ်ယာတစ်ဝက်ပါ ကြောင်ကဖေးရဲ့နောက်ထပ်ရှယ်ယာတစ်ဝက်ပိုင်ဆိုင်တဲ့သူကတော့ ဘန်ကိန်းဆိုတဲ့ တိကုဆရာဝန်ပါ။ အဒေါ်ဆီကအမွေရလိုက်တာကြောင့် အိုလီဗီယာတစ်ယောက် ထိုကြောင်ကဖေးကိုရောင်းချပြီး ရတဲ့ပိုက်ဆံနဲ့သူလိုချင်နေတဲ့ကွန်ဒိုလေးဝယ်နိုင်တော့မယ်ဆိုပြီး ပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ အဲ့ဒီကိုလိုက်သွားတဲ့အခါ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ဘန်ကိန်းကတော့ ဆိုင်ကိုရောင်းချလိုခြင်းမရှိတာကြောင့် အခက်တွေ့ရပြန်ပါတယ်။ ကြောင်ကဖေးအပေါ်ထားတဲ့သဘောထားမတူတဲ့သူတို့နှစ်ယောက် ဘယ်လိုတွေညှိယူကြမလဲ ? နောက်ဆုံးမှာဘန်ကိန်းကပဲစိတ်ပြောင်းပြီး ဆိုင်ကိုရောင်းချမလား ? ဒါမှမဟုတ် အိုလီဗီယာကပဲစိတ်ပြောင်းပြီးဆိုင်ကိုဆက်ဖွင့်ဖို့သဘောတူမလားဆိုတာ ကြည့်ရှုလိုက်ပါ။ File size… (1.4 GB) / (670 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Romance Duration…. 01:24:14 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း