ဇာတ်ကားများ ရွေးရန်

Howling Village

2020ဇာတ်ကားအမှတ် 5.9/10108 မိနစ်

ဂျပန်နိုင်ငံ ဖူကုအိုကာစီရင်စုမှာရှိတဲ့ အိနုနခိလှိုဏ်ခေါင်းကို နောက်ခံထားတဲ့ ထိတ်လန့်သည်းဖိုဇာတ်လမ်းပါ။ ဒီနေရာနဲ့ပတ်သက်ပြီး သရဲခြောက်တယ်ဆိုတဲ့ ယုံတမ်းစကားတွေ ပျံ့နှံ့နေသလို အိနုနခိရွာကလည်း ဆည်တည်ဆောက်မှုကြောင့် ရေအောက်ရောက်သွားခဲ့တဲ့ ရွာတစ်ရွာအဖြစ် ဖော်ပြထားပါတယ်။ ညနှစ်နာရီမှာ စုံတွဲတစ်တွဲက လှိုဏ်ခေါင်းနားကို ရောက်လာပြီး ဗီဒီယိုရိုက်နေကြတယ်။ အဲဒီအချိန်တိတိမှာ အနီးက ဖုန်းရုံမှာ ဖုန်းမြည်လာလို့ အခိနဆိုတဲ့ ကောင်မလေးက ကိုင်လိုက်ပါတယ်။ တစ်ဖက်က ပြောလိုက်တဲ့စကားကြောင့် နှစ်ယောက်လုံး လှိုဏ်ခေါင်းထဲ ဝင်သွားကြပေမယ့် ခြောက်ခြားစရာတွေ တွေ့ပြီး အိမ်ကို သွေးရူးသွေးတန်း ပြန်ပြေးလာကြတယ်။ နောက်နေ့မှာ အခိနရဲ့ အမူအရာတွေ မူမမှန်တော့ဘဲ မကြာခင်မှာပဲ ရေစင်အမြင့်ပေါ်က ခုန်ချပြီး သေဆုံးသွားပါတယ်။ ချစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ယုမက ဝမ်းနည်းမကျေနပ်စိတ်နဲ့ လှိုဏ်ခေါင်းထဲ နောက်တစ်ကြိမ် ဝင်သွားရာက ပျောက်ဆုံးသွားတယ်။ လှိုဏ်ခေါင်းရှေ့ ဖုန်းရုံမှာ ဖုန်းဝင်လာတာကို ကိုင်မိသူတိုင်းလည်း ရေနစ်တဲ့လက္ခဏာတွေနဲ့ ထူးထူးဆန်းဆန်း သေဆုံးနေကြပါတယ်။ ယုမရဲ့အစ်မ စိတ်ရောဂါကုဆရာဝန် ခနအဲက မောင်ဖြစ်သူကို ပြန်ရှာဖို့ လှိုဏ်ခေါင်းအကြောင်း လိုက်စုံစမ်းရင်း သူတို့မျိုးရိုးရဲ့ အတိတ်ကိုပါ သိလာရတယ်။ နောက်ဆုံးမှာ မောင်ကို ကယ်ဖို့ သူကိုယ်တိုင် လှိုဏ်ခေါင်းထဲ ဝင်ရှာရပါတော့တယ်။ Ju-On: The Grudge၊ Suicide Forest Village နဲ့ Ox-Head Village တို့ကို ရိုက်ကူးတဲ့ ဒါရိုက်တာရဲ့ ၂၀၂၀ ခုနှစ်ထွက် ရုပ်ရှင်ပါ။

ဇာတ်လမ်းအကြောင်း