ဇာတ်ကားများ ရွေးရန်

Coppers (Aka) Scotoe

2024ဇာတ်ကားအမှတ် 5.4/1085 မိနစ်

Coppers (2024) Coppers ဆိုတဲ့ဇာတ်ကားလေးကတော့ အမ်စတာဒမ်မြို့က ဒတ်ခ်ျ-မော်ရိုကန်နဲ့ ဒတ်ခ်ျ-တူရကီ ရဲဘော်နှစ်ယောက်ရဲ့ တလွဲတွေလုပ်ရင်း အမှုလိုက်ပုံကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ Action, Comedy, Buddy-Cop ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဒါရိုက်တာ Adil El Arbi နဲ့ Bilall Fallah တို့က ရိုက်ကူးထားပြီး သူငယ်ချင်းနှစ်ယောက်ကြားက သံယောဇဉ်၊ မိသားစုဘဝပြဿနာတွေနဲ့ ယဉ်ကျေးမှုနောက်ခံ ဟာသတွေကိုပါ ထည့်သွင်းတင်ဆက်ထားတဲ့ ပေါ့ပေါ့ပါးပါးကားလေးပါ။ ဇာတ်လမ်းအကျဥ်း ဇာတ်လမ်းကတော့ အမ်စတာဒမ်မြို့မှာ တာဝန်ကျတဲ့ ရဲဘော်နှစ်ယောက်ဖြစ်တဲ့ မို နဲ့ ဆိုင်းနို တို့အကြောင်းပါ။ သူတို့နှစ်ယောက်ဟာ အမှုလိုက်ရာမှာ ထူးချွန်ပေမဲ့ စည်းကမ်းမရှိဘဲ ဗရုတ်သုက္ခလုပ်ရပ်တွေကြောင့် အထက်အရာရှိရဲ့ နောက်ဆုံးသတိပေးခြင်းကို ခံထားရပြီးတစ်နေ့မှာတော့ ကိုကင်းမှောင်ခို အရောင်းအဝယ်ကြီးတစ်ခုကို ဖမ်းဆီးဖို့ တာဝန်ပေးခံရပါတယ်။ သူတို့နှစ်ယောက်ဟာ သတင်းပေးတွေရဲ့အကူအညီနဲ့ စုံစမ်းရင်း ဟိုတယ်မှာ လူမှားဖမ်းတာ၊ ရေချိုးခန်းထဲမှာ ရန်ဖြစ်တာတွေအပြင် ပြိုင်ဘက်ရဲတွေနဲ့ပါ ပြဿနာတက်ပြီး နောက်ဆုံးမှာ အလုပ်ကနေ ယာယီရပ်ဆိုင်းခံလိုက်ရပါတယ်။ ဒါပေမဲ့ အမှုကိုလက်မလျှော့ဘဲ ကိုယ်တိုင်စုံစမ်းရင်း သတင်းတစ်ခုကြောင့်ဖက်ရှင်ပွဲတစ်ခုမှာတရားခံကိုဖော်ထုတ်ဖို့ကြိုးစားဖို့လုပ်ကြပါတော့တယ်။ ဒါပေမယ့်ဆိုင်နိုရဲ့မိန်းမပါ ဖက်ရှင်ပွဲကိုလိုက်ချင်တယ်ဆိုပြီးပါလာတာကြောင့် ဘယ်လိုတစ်လွဲတွေနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဗျာ။ File size… (1.4 GB) / (700 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:24:51 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း