Googly
ရှရသ်ဟာ စကားပြောပြတ်သားပြီး စိတ်တိုတတ်တဲ့ ကောလိပ်ကျောင်းသားတစ်ယောက်ပါ။ တစ်ကျောင်းလုံးက မနှစ်သက်ကြပေမယ့် စာမှာတော့ ပထမအဆင့်ရတဲ့ ကျောင်းသားဖြစ်တယ်။ မိန်းမတွေနဲ့ အချစ်ကို မုန်းတီးနေတဲ့ သူ့အတွက် ကျောင်းပြပွဲတစ်ခုမှာ ဆွာတီဆိုတဲ့ ကောင်မလေးနဲ့ ဆုံလိုက်ရတာက အပြောင်းအလဲတစ်ခု ဖြစ်လာပါတယ်။ အရင်က တစ်သဝေမတိမ်း စွဲကိုင်ထားတဲ့ အယူအဆတွေ ပျောက်သွားပြီး ဆွာတီအပေါ် ချစ်ခင်မြတ်နိုးလာတယ်။ ဆွာတီကလည်း သူ့ကို စိတ်ဝင်စားလာပေမယ့် နှစ်ယောက်သား ခံစားချက်တွေ ဖွင့်ပြောတော့မယ့်အချိန်မှာပဲ အခြေအနေက လွဲချော်သွားပါတယ်။ ယာရှ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီအချစ်ဟာသကားမှာ နှစ်ယောက်ရဲ့ အချစ်ရေး ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဆက်ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း