ဇာတ်ကားများ ရွေးရန်

Griffin in Summer

2025ဇာတ်ကားအမှတ် 6.8/1093 မိနစ်

Griffin in Summer (2025) IMDb Rating (6.8) / Rotten Tomatoes (94%) ကော်မတီဒရာမာဆန်ဆန် ဆက်ကျော်သက်ရောက်ခါစကလေးတွေကို နောက်ခံထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အမေရိကန်ပြည်တွင်း ဆုပေါင်း ၁၀ စုနဲ့ ဆန်ကာတင်စာရင်း ၅ ခုထဲပါခဲ့တဲ့ စတူဒီယိုအကြီးတွေသုံးထားခြင်းမရှိတဲ့ အလွတ်တမ်းဇာတ်ကားတစ်ပုဒ်ဖြစ်တဲ့အတွက် ဇာတ်အိမ်ကတော့ ခိုင်တယ်လို့ဆိုရမှာပါ။ ဇာတ်လမ်းနောက်ခံ ဂရစ်ဖင်းဆိုတဲ့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ဟာ အနုပညာဘက် အထူးသဖြင့် ပြဇာတ်သရုပ်ဆောင်ဘက်ကို အလွန်ဝါသနာပါတဲ့ဆယ်ကျော်သက်ကလေးတစ်​ယောက်ဖြစ်ပါတယ်။ သူဟာငယ်စဉ်ကတည်းက ဝတ္ထုတွေကို အရမ်းသဘောကျပြီး သူငယ်ချင်းတွေနဲ့အတူတူ သရုပ်ဆောင်တမ်းကစားနေကျဖြစ်ပါတယ်။ ဒီလိုနဲ့ ဆယ်ကျော်သက်အရွယ် အလယ်တန်းကျောင်းသားဖြစ်လာတဲ့အချိန်တိုင်အောင် တခြားကလေးတွေလို သမီးရည်းစားကိစ္စတွေ အပျော်အပါးကိစ္စတွေ မရှိလာဘဲ သူဝါသနာပါတဲ့ ပြဇာတ်ဇာတ်ညွှန်းရေး သရုပ်ဆောင်တဲ့ဘက်ကိုပဲ တစိုက်မတ်မတ်လုပ်နေသူဖြစ်ပါတယ်။ ဒီလိုနဲ့ နွေရာသီတစ်ခုရောက်တဲ့အခါမှာ ဂရစ်ဖင်းတစ်ယောက် သူထင်ထားသလိုမျိုး ငယ်ငယ်တုန်းကလို သူငယ်ချင်းတွေက သူ့ကို အချိန်မပေးနိုင်ဖြစ်လာတာကိုသိလာတဲ့အချိန်မှာတော့ ဘဝရဲ့ လောကဓံနိယာမတွေကို တဖြည်းဖြည်းနဲ့သိစပြုလာပါတော့တယ်။ File size… (1.1 GB) / (650 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Drama Duration…. 01:33:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း