ဇာတ်ကားများ ရွေးရန်

The Devil's Bath

2025ဇာတ်ကားအမှတ် 6.6/10121 မိနစ်

The Devil's Bath (2025) IMDb Rating (6.6) / Rotten Tomatoes (91%) ၁၇ ရာစု ၁၈ ရာစုကာလတွေမှာ စိတ်ဓာတ်ကျခြင်း ဝမ်းနည်းခြင်း အစရှိတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာ နတ်ဆိုးရဲ့လွှမ်းမိုးမှု အဖြစ်ယူဆကြပြီး မိမိကိုယ်ကိုသတ်သေခြင်းဟာအပြစ်ကြီးတစ်ခုဖြစ်တဲ့အတွက် ထာ၀ရအပြစ်စီရင်ခြင်းကိုခံရမယ်ဆိုတဲ့ အစွဲရှိခဲ့ပါတယ်။ အဲ့ဒီတော့ ကိုယ့်ကိုယ်ကိုသတ်သေလိုသူတွေက လူသတ်မှုကိုတမင်ကျူးလွန်ပြီးနောက် တရားရုံးမှာပြစ်ဒဏ်စီရင်ခံပြီး ကွပ်မျက်ခံလေ့ရှိကြပါတယ်။ ဒီလုပ်ရပ်ကိုလုပ်တဲ့သူတွေက များသောအားဖြင့် အမျိုးသမီးတွေဖြစ်လေ့ရှိပြီး သူတို့သားကောင်တွေကလည်း ကလေးငယ်တွေသာ အဖြစ်များပါတယ်။ ဒီဇာတ်လမ်းကိုလည်း အဲ့ဒီလိုဖြစ်ရပ်တစ်ခုနဲ့စပြီးဖွင့်လှစ်ထားတာပါ။ ဟော်ရာကားဆိုပေမယ့် တစ္ဆေသရဲတွေ၊ မကောင်းဆိုးဝါးတွေမပါပဲနဲ့လူသားတွေရဲ့အစွန်းရောက်ယုံကြည်ချက်တွေ၊အယူအဆမှားတွေ၊ လှုမှုပတ်ဝန်းကျင်ရဲ့တလွဲစံနှုန်းနဲ့ဖိအားပေးမှုတွေကိုသာ ဗီလိန်အဖြစ်ကောင်းကောင်းကြီး ပုံဖော်ပြသွားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဘာလင်ရုပ်ရှင်ပွဲတော်အပါအဝင် ဆုပေးပွဲအတော်များများမှာ အဓိကဆုကြီးတွေရရှိခဲ့ပြီး ၂၀၂၅ အော်စကာမှာလည်း Best International Feature Film အတွက် ဩစတြီးယားနိုင်ငံကိုယ်စားပြုရွေးချယ်ခံထားရတဲ့ အနုပညာလက်ရာမြောက်ကားကောင်းတစ်ကားပါ။ File size… (2.3 GB) / (1.2 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, History, Horror, Thriller Duration…. 02:01:15 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း