ဇာတ်ကားများ ရွေးရန်

Blackwood

2022ဇာတ်ကားအမှတ် 3.7/1098 မိနစ်

ဝိုင်လ်ဒါက ပိုက်ဆံရဖို့ဆို ဘာမဆိုလုပ်တတ်တဲ့ ဝရမ်းပြေးတစ်ယောက်ပါ။ သူနဲ့ သူ့အဖွဲ့ဟာ Blackwood တောအုပ်ထဲက ရွှေရှာသမားတွေနောက်ကို လိုက်ပြီး ရွှေတွင်းတွေကို တစ်ဖက်လှည့်နဲ့ လုယူဖို့ ခိုင်းစေခံထားရပါတယ်။ အဲဒီနောက် သူ့လူတစ်ယောက်ကို သတ်ပြီး မြင်းကိုပါ ယူသွားတဲ့ အင်ဒီယန်းမလေးနောက်ကို လိုက်ရင်း ဝိုင်လ်ဒါတို့ Blackwood တောထဲ ရောက်လာကြတယ်။ ဒီတောအကြောင်းက အိပ်ရာဝင်ပုံပြင်လို ပြောစမှတ်ရှိတဲ့ ဒဏ္ဍာရီတစ်ခုလည်း ရှိနေပါတယ်။ တောထဲရောက်လာတဲ့ သူတို့အတွက်တော့ အဲဒီဒဏ္ဍာရီကို ကိုယ်တိုင်ကြုံရတော့မယ့် အခြေအနေ ဖြစ်လာတယ်။ ၂၀၂၂ ခုနှစ်ထွက် ဒီဇာတ်ကားက ကောင်းဘွိုင်းဇာတ်လမ်းနဲ့ ထိတ်လန့်သည်းဖိုအကြောင်းအရာကို ရောစပ်ထားပါတယ်။

ဇာတ်လမ်းအကြောင်း