ဇာတ်ကားများ ရွေးရန်

13: The Musical

2022ဇာတ်ကားအမှတ် 6.2/1094 မိနစ်

နယူးယောက်မြို့သားလေး အယ်ဗန်ဂိုးမန်းက ဂျူးလူမျိုးဖြစ်ပြီး အသက်ဆယ့်သုံးနှစ်မှာ ကျင်းပရမယ့် သူ့ရဲ့ Bar Mitzvah ပွဲကို အရမ်းမျှော်လင့်နေပါတယ်။ ဒါပေမယ့် အဖေဖြစ်သူရဲ့ ပြဿနာတွေကြောင့် မိဘတွေ ကွာရှင်းလိုက်ကြပြီး အယ်ဗန်လည်း အင်ဒီယာနာက နယ်မြို့လေးတစ်မြို့ကို ပြောင်းလာရတယ်။ နယ်မြို့လေးဆိုပေမယ့် ကျောင်းအသစ်မှာ ဆယ်ကျော်သက်ဖြစ်စ ကလေးတွေရဲ့ အတတ်ဆန်းချင်တာတွေ၊ အလွဲအချော်တွေက ရှိနေဆဲပါ။ ကိုယ့်ရဲ့ Bar Mitzvah ပွဲကို အကြီးကျယ်ဆုံး ဖြစ်စေချင်တဲ့ အယ်ဗန်တစ်ယောက် ဒီနေရာအသစ်မှာ ဘယ်လိုအရှုပ်အထွေးတွေ ကြုံရဦးမလဲ။ အသက်ဆယ့်သုံးနှစ်အရွယ် ကလေးတွေရဲ့အကြောင်းကို မြူးကြွတဲ့ သီချင်းတွေနဲ့အတူ ပေါ့ပေါ့ပါးပါး ပြောပြထားတဲ့ မိသားစုကြည့် ဂီတဟာသဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း