ဇာတ်ကားများ ရွေးရန်

Influencers

2025ဇာတ်ကားအမှတ် 7.8/10110 မိနစ်

Influencers (2025) IMDb Rating (6.2) / Rotten Tomatoes (94%) ၂၀၂၂ တုန်းက နာမည်ကျော်ခဲ့တဲ့ Influencer ရဲ့နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ CW ကိုသူ့ရဲ့ပြင်သစ်သူရည်းစားလေးနဲ့ပထမနှစ်ပတ်လည် အထိမ်းအမှတ်ခရီးထွက်နေတာကိုမြင်တွေ့ရမှာပါ။ ပြဿနာက သူတို့တည်းရမယ့်ဟိုတယ်မှာ ကြေငြာကမ်ပိန်း ကိစ္စနဲ့မှာထားတဲ့အခန်းမရပဲ တစ်ခြားအခန်းကိုရွှေ့ပေးလိုက်ရတာက စပါတယ်။ သူတို့နဂိုမှာထားတဲ့အခန်းကတော့ နာမည်ကျော်ဗြိတိန်အင်ဖလူယန်ဆာတစ်ယောက်ကိုပေးလိုက်ရပါတယ်။ အဲ့ဒီတစ်ယောက်ကလည်း သူတို့နှစ်ယောက်ကိုမှခင်မင်ပြီး အတင်းလိုက်လျောအဖွဲ့ကျနေတော့ CW ကိုဆွပေးသလိုဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မက်ဒီဆင်တစ်ယောက်ကတော့ထိုင်းနိုင်ငံမှာဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့် လူကြားသူကြားထဲမတိုးနိုင်ပဲ ပုန်လျှိုးကွယ်လျှိုးနေနေရပါတယ်။ ခြိမ်းခြောက်မှုတွေ နှောင့်ယှက်မှုတွေကမခံမရပ်နိုင်အောင် တိုးပွားလာတဲ့နောက်မှာတော့ တရားခံအစစ်ကိုဖမ်းမှဖြစ်တော့မယ်ဆိုပြီး CW ကိုခြေရာခံပါတော့တယ်။ ဝေဖန်သူတွေရော ပရိသတ်တွေပါကြိုက်နှစ်သက်ကြတဲ့ ဇာတ်ကားဖြစ်ပြီး ပထမဇာတ်ကားကိုမှီတဲ့ ခြေရာထပ်တူနင်းနိုင်တဲ့ Sequel ဖြစ်တယ်လို့ဆိုကြပါတယ်။ပထမဇာတ်ကားအတိုင်းပဲ နောက်ခံတေးဂီတကောင်းကောင်း၊ ရှူခင်းလှလှ မျက်စိပသာဒဖြစ်စရာ မြင်ကွင်းတွေနဲ့ပေါ့ပါးသွက်လက်စွာ ဆွဲဆောင်နိုင်တဲ့ ‌Horror/Thriller ကားကောင်းတစ်ကားပါပဲ။ (18+ အခန်းတချို့နှင့် ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (1.4 GB) / (940 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Thriller Duration…. 01:50:32 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း