ဇာတ်ကားများ ရွေးရန်

Hour of the Wolf

1968ဇာတ်ကားအမှတ် 7.4/1088 မိနစ်

Hour of the Wolf (1968) IMDB : 7.5 Rotten Tomatoes : 92% Genre : Horror / Drama / Psychological Hour of the wolf ဇာတ်လမ်းက Psychological horror ကားတစ်ကားဖြစ်ပြီးတော့ ကြည့်ပြီးသူတိုင်း စိတ်ထဲမှာ တစ်ခုခုကျန်ရစ်‌စေမဲ့ ကားပဲဖြစ်ပါတယ် Ingmar Bergman ရဲ့ဒီဇာတ်လမ်းက အိပ်မရတဲ့ညတွေ၊ ‌ခြောက်ခြားစရာညတွေ ၊ ကြောက်စရာကောင်းတဲ့ တည်ငြိမ်မှုတွေအကြောင်းကို သေချာရိုက်ပြထားတယ် ဇာတ်ညွှန်း ဂျိုဟန် ဆိုတဲ့ ပန်းချီဆရာက ညပိုင်းတွေဆို အိပ်မပျော်ပဲ ၊ အမှောင်ကို ကြောက်တတ်တဲ့သူ‌တစ်ယောက်ဖြစ်တယ်။ သူ့ဇနီးဖြစ်သူ အယ်မာကတော့ သူ့ယောက်ျားအဲလိုဖြစ်နေတာကို ဂရုစိုက်ပြီး ကယ်တင်ပေးဖို့ကြိုးစားတယ် ဂျိုဟန်က လူတွေမမြင်နိုင်တဲ့အရာတွေကိုမြင်ရပြီး အမြဲတမ်းကြောက်ရွံနေတယ် ။ တစ်နေ့မှာ ရဲတိုက်ဘက်မှာ သူ့ကို ပါတီပွဲဖိတ်တဲ့သူတွေကလည်း စိတ္တဇလူသားပုံစံတွေနဲ့ကြုံတွေ့ရပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကို သိချင်စိတ်များစွာနဲ့ကြည့်ရှူရမဲ့ဇာတ်လမ်းပဲဖြစ်ပါတယ် နောက်ဆုံးမှာတော့ ဂျိုဟန်ကပျောက်ဆုံးသွားပြီး ၊ သူ့ဇနီးက သူ့ယောက်ျားရဲ့ဒိုင်ယာရီထဲကအကြောင်းအရာတွေနဲ့ သူ့ယောက်ျားနဲ့ပက်သက်ပြီး သိရှိခဲ့တဲ့ အရာတွေကိုပြန်ပြောပြချက်တွေကိုအခြေခံပြီးရိုက်ကူးထားတဲ့ကားတစ်ကားပဲဖြစ်ပါတယ်။ Psychological Horror ကြိုက်သူတွေအကြိုက်တွေ့စေမဲ့ ကားတစ်ကားလို့ပြောချင်ပါတယ် သရုပ်ဆောင်များ Johan Borg အဖြစ် – Max von Sydow Alma Borg အဖြစ် – Liv Ullmann Baron Von Merkens အဖြစ် – Erland Josephson Veronica Vogler အဖြစ် – Ingrid Thulin တို့ကသရုပ်ဆောင်ထားပါတယ် File size…    3.75 GB /  1.91 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28m Genre ..... Horror / Drama Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း